Part(2.3)

18.1K 1.6K 45
                                    

ရှောင်ကျန့် ဝမ်ရီပေါ်တို့ စခန်းကို ရောက်တော့ အကုန်လုံးက သူ့အား ထူးဆန်းစွာ ကြည့်နေကြသည်။တချို့က သတ်ချင်တဲ့အကြည့်တွေ၊တချို့က ရွံရှာတဲ့အကြည့်။ရှောင်ကျန့် ထိုလူများကို ဖြဲခြောက်တဲ့အကြည့်နဲ့ကြည့်လိုက်သည်။

ဝမ်ရီပေါ်က အကြောင်းစုံ ရှင်းပြလိုက်တော့ ထိုသူများက အံ့သြသွားကြသည်။

"သူက စိတ်စွမ်းအား ကောင်းလို့ထင်တယ်"

"ဖြစ်နိုင်တယ်"

တစ်ယောက်စီတိုင်းက သူတို့ထင်ရာကို ပြောနေကြသည်။

ဝမ်ရီပေါ် ထိုပြောနေသည်များ လျစ်လျူရှုကာ ရှောင်ကျန့်အား သူ့အခန်းထဲ ခေါ်သွားသည်။

ကျန်ခဲ့တဲ့ သူတွေကတော့ ပါးစပ်အဟောင်းသားဖြင့်

"ဝမ်ရီပေါ်က zombieတစ်ကောင်ကို သူ့အခန်းထဲ ခေါ်သွားတယ်?"

"ငါ့အမြင် မှားသွားတာလား"

"လူတွေဖြစ်တဲ့ငါတို့ကိုတောင် ပေးမဝင်တဲ့ ခေါင်းဆောင်ကလေ"

"ငါ့အမြင်မှာတော့ သူရဲကောင်းက အလှလေးကို ခေါ်သွားတာ"

ယွိပင်းက ငါအနံ့တွေရနေတယ်ဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်ကာ ပြောလိုက်သည်။
.........

ဝမ်ရီပေါ် အခန်းထဲ ရောက်တော့ ရှောင်ကျန့်အိတ်အား ယူကာ စစ်ကြည့်လိုက်သည်။အိတ်ထဲမှာ ကျောင်းသားကဒ်အား တွေ့လိုက်သည်။

"နာမည်က ရှောင်ကျန့်လား"

'နာမည်ကဒ်ကို ကြည့်နေပြီး ငါ့ပြန်မေးနေတာလား'

ပြန်ပြောပေမဲ့ စကားသံမထွက်ဘဲ တဂီဂီသာ ထွက်နေသည်။

"အထက်တန်းကျောင်းသားပေါ့"

'ငါ့ဝတ်စုံကို မြင်နေရဲ့သားနဲ့'

'Host...စိတ်လျှော့'

'ပါးစပ်ပိတ်'

'.....🤐'

ရှောင်ကျန့် မဟုတ်ကဟုတ်က မေးနေတဲ့ ဝမ်ရီပေါ်အား စိတ်တိုကာ သူ့ဂျာကင်အား ကိုက်လိုက်သည်။ထူတာကြောင့် မပြဲဘဲ သွားနဲ့ ချော်နေသည်။

ဝမ်ရီပေါ်အခန်းထဲ ဂျာကင်ကိုက်သံ တကျီကျီသာ ထွက်နေသည်။

Undying love system(Completed)Where stories live. Discover now