Part(3.3)

12.6K 1.4K 21
                                    

ဝမ်ရီပေါ် လမ်းလျှောက်နေစဥ် သူ့နာမည်ခေါ်သံ ကြားလိုက်တော့ လှည့်ကြည့်လိုက်သည်။

"မင်း ငါ့ကို ခေါ်လိုက်တာလား"

"ဗျာ...မခေါ်ပါဘူး"

ဝမ်ရီပေါ် သူ့နောက်က ကောင်လေးအား မေးလိုက်သည်။ထိုကောင်လေးက ဖုန်းသုံးနေပြီး သူမေးတော့ မဟုတ်ကြောင်း ပြောသည်။သူကြားလိုက်တာက ထင်ယောင်ထင်မှားလား။

ဝမ်ရီပေါ်လည်း ဆက်မစဥ်းစားတော့ဘဲ လှည့်ထွက်လာသည်။ဒါပေမဲ့ သူ့လက်တွေမှာ ချွေးတွေ ထွက်နေခဲ့သည်။သူဟာ ဘယ်အရာကိုမှ မကြောက်တတ်။သူထိခိုက်နာကျင်မယ်ဆိုရင်တောင် ကြောက်သည့်သုမဟုတ်။

သို့သော် သူဟာ သရဲအလွန် ကြောက်လေသည်။ဒါဟာ သူ့ရဲ့ တစ်ခုထဲသော အားနည်းချက်။

ရှောင်ကျန့်လည်း ထိုအခါမှ စိတ်အေးသွားသည်။ဝမ်ရီပေါ်က သူ့မမြင်ဘဲ အသံဘဲ ကြားသွားတာကို ကျေနပ်မိသည်။

'တော်သေးတယ်...ကျွန်တော်လည်း မြင်ပြီ ထင်နေတာ'

'ငါမေးစရာရှိတယ်....သူက ငါ့ချစ်သူလား'

'ဘာလို့မေးတာလဲ'

'သူ့မြင်တော့ တစ်ခုခု ခံစားရတယ်...ရင်တွေလည်း ခုန်နေတယ်'

'ဟုတ်ရင်ဟုတ်မှာပေါ့ ပြောပြလို့မှ မရတာ...ကို့ဘာသာကို သိအောင်လုပ်'

'မင်းဘကြီးကိုဘဲ သိအောင်လုပ်...ဟွန့်'

'.....'
တစ်ခုခုများ သိချင်ရင် အသံလေးက သာလို့.....မပြောပြကြည့်ပါလား....လာလာဆဲနေတယ်....Hostတွေများ ကောင်းကိုမကောင်းဘူး
......
ရှောင်ကျန့် ဝမ်ရီပေါ် သွားတဲ့နောက် လျှောက်လိုက်နေသည်။

ရှောင်ကျန့် သူ့အနားမှာရှိတော့ ဝမ်ရီပေါ်ကလည်း လက်မှာ ကြက်သီးတွေ ထနေလေသည်။သူ့ဘေးမှာ မမြင်ရတဲ့ တစ်ခုခုရှိသလို ခံစားနေရသည်။

ဝမ်ရီပေါ် စဥ်းစားရင် လမ်းလျှောက်နေတာ ကောင်မလေးတစ်ယောက်နဲ့ တိုက်မိသွားတော့သည်။

ရှောင်ကျန့်ကတော့ ထိုကောင်မလေးအား မြင်တာနဲ့ ဒေါသတွေ ထွက်လာသည်။သူမကတော့ ဇာတ်လိုက်မ မိုကျန်းကျန်းပင်။

Undying love system(Completed)Where stories live. Discover now