Birthday present

8.3K 883 20
                                    

ဒီဇာတ်လမ်းတိုလေးကတော့ သာသာ့ရဲ့စာဖတ်သူလေး
@phyusinkophyusinkoအတွက် မွေးနေ့လက်ဆောင်ပါနော်😘 အမြန်ရေးလိုက်တာကြောင့် ဇာတ်လမ်းက အဆင်ပြေလားတော့မသိဘူး😁 ကြိုက်ပါစေလို့ မျှော်လင့်ပါတယ်😊 မွေးနေ့မှာ ပျော်ရွှင်ပါစေ😘😘

အတော်လေးကျယ်တဲ့ ဆေးရုံပန်းခြံက ထိုင်ခုံမှာ ကောင်လေးတစ်ယောက် ထိုင်နေသည်။ကောင်လေးနာမည်က ရှောင်ကျန့် ဖြစ်သည်။

ရှောင်ကျန့်ဟာ ဦးနှောက်အကျိတ်ဖြစ်နေကာ ခွဲစိတ်ရန်အတွက် ဆေးရုံမှာ နေနေရတဲ့ လူနာလေးတစ်ယောက် ဖြစ်သည်။သူဟာ တက္ကသိုလ်ကျောင်းသား ဖြစ်သောကြောင့်  ဆေးရုံတက်ရတာကို မပျော်မရွှင် မဖြစ်ပေ။

သူဟာ ခွဲစိတ်မှုမအောင်မြင်လို့ သေရင်တောင် ပျော်ရွှင်လိမ့်မည်။အကြောင်းကတော့ သူ့အိမ်က သူ့အား ပစ်ပယ်ထားလို့ပင်။သူဟာ ရှောင်လုပ်ငန်းစုရဲ့သားငယ်ဖြစ်ကာ မိဘတွေက ထက်မြက်တဲ့အကိုဖြစ်သူကို ဦးစားပေးလွန်းသည်။

အခု သူဆေးရုံတက်နေတာကို ဆေးရုံစရိတ်ခံရုံကလွဲပြီး တစ်ခါမှ လာမကြည့်ပေ။ရှောင်ကျန့်ဟာ စိတ်မဆင်းရဲပါ။ဆေးရုံမှာ ရှိတဲ့ ကလေးလူနာတွေနဲ့ကော လူကြီးလူနာတွေနဲ့ပါ ခင်လေသည်။

ရှောင်ကျန့် တစ်နေ့တော့ ပျင်းတာနဲ့ လေကောင်းလေသန့်ရှုရန် ဆေးရုံခေါင်မိုးထပ်ကို တက်လိုက်သည်။အဲ့မှာ လူတစ်ယောက်နဲ့ တွေ့လိုက်ရသည်။

"ဟေ့လူ...ဆေးရုံမှာ ဆေးလိပ်သောက်ခွင့်မရှိဘူး...."

ထိုလူက သူ့အား တစ်ချက်ကြည့်ပြီး ပြန်လှည့်သွားသည်။ပြီးနောက်

"လူမရှိတဲ့နေရာမှာ သောက်တာ...."

"ခင်ဗျားက လူနာဝတ်စုံဝတ်ထားပြီးတော့ ဆေးလိပ်မသောက်နဲ့လေ...ခင်ဗျားကျန်းမာရေး ဆိုးမှာပေါ့ဗျ...."

"ကိုယ်သေရင် ဝမ်းနည်းမဲ့သူမရှိဘူး..."

ရှောင်ကျန့်ဟာ ထိုလူရဲ့ ပုံစံကြောင့် ထိုလူဟာ အပြင်ပန်းက အေးက်နေပေမဲ့ အထီးကျန်နေတဲ့လူတစ်ယောက်ဆိုတာ သိလိုက်သည်။

"ဒါဆို ဒီလိုလုပ်ရအာင်....ခင်ဗျားသေရင် ဝမ်နည်းမဲ့သူမရှိသလို ကျွန်တော်သေရင်လည်း ဝမ်းနည်းမဲ့သူမရှိဘူး...အဲ့တော့ ခင်ဗျားသေရင် ကျွန်တော်ဝမ်းနည်းပေးမယ်...ကျွန်တော်သေရင် ခင်ဗျားဝမ်းနည်းပေးပေါ့...."

Undying love system(Completed)Where stories live. Discover now