Part(1.6)

20.1K 1.8K 25
                                    

ရှောင်ကျန့် လူအဖြစ်ပြောင်းပြီနောက် ဝမ်ရီပေါ်က သူ့အား သူကယ်တင်ခဲ့သောလူအဖြစ် ပြီးတော့ သူ့၏ ကြင်ယာတော်လောင်း အဖြစ် ကြေညာခဲ့သည်။

ဝမ်ကျောချန်အား အမှန်ပြောပြလိုက်တော့ သူအံသြသွားသည်။သူက ရှောင်ကျန့်အား မြေခွေးမိစ္ဆာမှန်း မသိပါ။ရိုးရိုးမြေခွေးတချို့လည်း အမြှီး ကြိုက်သလောက် ပါကြသည် မဟုတ်ပါလား။

ရှောင်ကျန့် လူအဖြစ် ပြောင်းသွားရခြင်းသည် ဝမ်ရီပေါ်ရဲ့ အချစ်ကြောင့်ဟု ထင်မိသည်။မိမိ ဒဏ်ရာက အရှင်း မပျောက်သေးပေ။ထို့ကြောင့် ရှောင်ကျန့် အပျော်လွန်နေသည်။

"ကျန့်ကျန့် ဘာတွေ တွေးနေတာလဲ"

"မင်းအကြောင်း"

"မင်းလေးက ကိုယ့်ကို မြှူစွယ်နေတာလား"

"ဟုတ်ပါဘူး ဖျားယောင်းနေတာ"

"မြေခွေးတွေက တဏှာကြီးတယ်လို့ ကြားဖူးတယ် ကျန့်ကျန့်ကျ အဲ့လို မဟုတ်ပါလား"

"အမြှီးငါးချောင်းတွေမှာ စင်ကြယ်တဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံရှိတယ် အဲ့တာကြောင့် တဏှာရမက် မကြီးဘူး"

"ကျန့်ကျန့်မှာ အစွမ်းရှိလား"

"ရှိတယ် မျက်လုံးချင်းဆုံမိရင် ကြည့်မိတဲ့သူက ချစ်မိသွားရော"

ဝမ်ရီပေါ် မျက်မှောင်ကြုံကာ

" လူတိုင်းကို သက်ရောက်လား"

"ဟင့်အင်း လူငယ်တွေကိုဘဲ တခြားလူတွေက ဆွေမျိုးရင်ချာလို ချစ်ကြတာ ချစ်မွှေးပါသလိုပေါ့"

"အစွမ်းပြရရင် ပဝါအုပ်ရမယ်"

"ဟားဟား ငါ့ကို သူများတွေ ချစ်မှာ ဆိုးလို့လား"

"ဟုတ်တယ်"

"လူငယ်တွေကို အကျိုးမသက်ရောက်အောင် လုပ်လို့ရတဲ့နည်း ရှိတယ်"

" ငါတို့အမြှီးငါးချောင်းမြေခွေးတွေက တစ်သက်တာမှာ တစ်ယောက်ဘဲ ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ပေးလို့ရမှာ....ငါနဲ့ ပထမဆုံး ဆက်ဆံ​ပြီးသွားရင် ငါ့ရဲ့အစွမ်းက လူငယ်တွေကို မသက်ရောက်တော့ဘူး"

ဝမ်ရီပေါ် ရှောင်ကျန့်နဖူးလေးအား နမ်းလိုက်သည်။

"မင်းရဲ့ပထမဆုံးကို ကိုယ့်ကို ပေးပါနော်"

Undying love system(Completed)Where stories live. Discover now