Part (9.21)(end)

12.4K 1.2K 48
                                    

အခုဆိုရင် နယ်မြေထဲမှာ နေမင်းဂိုဏ်းက ၃ယောက်သာ ကျန်တော့သည်။တခြားဂိုဏ်းတွေကလည်း မကျေမနပ် ဖြစ်နေကြသည်။အသက်ရှင်တာဆို့လို့ ရှောက်တိုင်ဖန်ဘဲ ရှိသည်။ရှောက်တိုင်ဖန်တောင် ဘယ်သူနဲ့မှ ဟိုဟာ မပြုလိုက်ရဘဲ ကလေးရသွားလေသည်။

အဓိကလက်သည်က နေမင်းဂိုဏ်းက ရှောင်မန်ဖြစ်တာကြောင့် အကုန်လုံးက သတ်ချင်စိတ်တွေ ဖြစ်လာသည်။သို့သော် ရှောင်မန်ရဲ့ဆရာက သိုင်းလောကတစ်ခုလုံး သွားမစဝံ့တဲ့ ရှားပါးတဲ့သိုင်းဝိဉာဥ် ပိုင်ဆိုင်တဲ့သူ ဖြစ်နေသည်။

ရှောက်တိုင်ဖန်ကတော့ နယ်မြေအပြင်ဘက်မှာ သူ့သားလေးနဲ့ ရှိနေလေသည်။သူ့ရဲ့ဆရာဖြစ်တဲ့ မဟူရာဂိုဏ်းချုပ်ကလည်း ကလေးကို အလွန်ချစ်နေလေသည်။သူကတော့ သူ့ရဲ့အထီကျန်ဘဝထဲကို သားလေးအား ပို့ပေးတဲ့အတွက် ကျေးဇူးတင်နေသည်။

နယ်မြေထဲမှာတော့ ရှောင်ကျန့်ဟာ ရှင်းမေရိုနဲ့ သွားဆုံလေသည်။

"ငါတို့က တစ်ဂိုဏ်းထဲမို့လို့ မတိုက်ချင်စမ်းပါနဲ့....ပြီးတော့ နင်လည်း ငါ့ကို နိုင်တာမဟုတ်ဘူးလေ"

"ဟွန့်....ငါမနိုင်ပေမဲ့ မိုရီကတော့ နိုင်မှာဘဲ"

"သူနိုင်ရင်တောင် သူ့အတွက် ဆုံးရှုံးမှုကြီးအောင် ငါလုပ်နိုင်တယ်"

"အပြောကြီးနေတယ်.....ငါ့ကို နိုင်မလား ကြည့်တာပေါ့...."

မိုရီလည်း သူတို့စကားဝိုင်းထဲ ရောက်လာတော့သည်။သူဟာ ရှောင်ကျန့်အား အထင်သေးဟန်နဲ့ ကြည့်နေလေသည်။သူဟာ ဧကရာဇ်အဆင့်ကို ရောက်သွားခဲ့ပြီ။

"မင်းလည်း ငါ့ထက် သိုင်းအဆင့်မြင့်လို့ လေကြီးနေတာဘဲလေ"

"ဟက်.....မင်းရဲ့ ယုံကြည်မှုကလည်း မင်းရဲ့ဆေးတွေကမလား....ငါက တခြားသူတွေလို တုံးအမနေဘူး"

"ဒါဆိုလည်း ကြည့်ရတာပေါ့"

နှစ်ယောက်သား စတင်တိုက်ခိုက်တော့သည်။မိုရီဟာ သူ့ရဲ့အစွမ်းထက်ဆုံး အသေကွက်တွေနဲ့ တိုက်ခိုက်နေသည်။ရှောင်ကျန့်ကလည်း တိုက်ရိုက်ရင်ဆိုင်ပြီး တိုက်ခိုက်လိုက်သည်။

Undying love system(Completed)Where stories live. Discover now