chapter_04💜

979 80 0
                                    

ဒီ​နေ့​တော့ ရိ​ပေါ်တို့​ကျောင်းပိတ်​ရက်​မို့ မနက်​ပိုင်းစာလုပ်​ပီး သူ့အခန်း​လေးထဲ ဂိမ်း​ဆော့​နေတုန်း..။

"သားငယ်​​လေး.."

"ဗျာ မားလာပီ.."

ဂိမ်းကိုခဏရပ်​ကာ မားကိုအခန်းတံခါးဖွင့်​​ပေး​တော့ အပြုံး​လေးနဲ့ဝင်​လာတဲ့မား..။

"ခုနက ​ဖေကြီးဖုန်းဆက်​တယ်​.."

"ဟုတ်​ မား.."

"သားကျန့်​အစည်း​ဝေးမှာ တင်​ပြရမဲ့အပါးရဲ့စာရွက်​စာတမ်း​တွေကျန်​ခဲ့လို့တဲ့ အဲ့ဒါ​ဖေကြီးကအ​ရေးကြီးဧည့်​သည်​နဲ့ချိန်းထားတာမို့ သားငယ်​​လေးကို​ဖေကြီးအစား သားကျန့်​ဆီသွားပို့ခိုင်းလိုက်​ပါဦးတဲ့.."

"ဟာ အဲ့လူကြီးဆီ သွားချင်​ဘူးတခြားလူလွှတ်​လိုက်​မား.."

"သားငယ်​​လေး သားကျန့်​ကသားငယ်​​လေးထက်​အလွန်​ဆုံးကြီးလှ ၇နှစ်​​ပေါ့ ကိုကျန့်​ဒါမှမဟုတ်​ ကိုကိုလို့​ခေါ်ပါလားကွယ်​ မားရဲ့နားထဲကန့်​လန့်​ကြီး..."

"ဘာပဲဖြစ်​ဖြစ်​ ဝမ်​​လေးမသွားပို့နိုင်​ဘုး.."

"ဒါဆို သား​ဖေကြီး ချိန်းထားတာဖျက်​ပီး သွားခိုင်း​စေချင်​တာလား သားငယ်​​လေး.."

"ဟာဗျာ အဲ့လူကြီးနဲ့မ​တွေ့ချင်​ပါဘူးဆိုဗျာ .."

"သားငယ်​​လေးကို သွား​တွေ့ခိုင်းတာမှမဟုတ်​တာ စာရွက်​စာတမ်း​တွေ​ပေးပီးပြန်​လာရုံပဲဟာ ​နော်​သားငယ်​​လေးကလိမ္မာရဲ့သားနဲ့ကွယ်​.."

"ပီး​ရော ပီး​ရော အဲ့စာရွက်​စာတမ်း​တွေဘယ်​မှာလဲ.."

"ဒီမှာပါရှင်​ မားတခါထဲယူလာ​ပေးတယ်​ .."

ရိ​ပေါ် မား​ပေးတဲ့ဖိုင်​​လေးယူကာ အိမ်​​နေရင်းဝတ်​ တီရှပ်​​လေးအပြာနု​လေးလဲကာ ပြင်​ဆင်​ပီးဆင်းလာရင်း..။

"ဦးလွန်း​ရေ ဦးလွန်း.."

"ဦးလွန်းမရှိဘူး အကို​လေး .."

"ဘယ်​သွားတာလဲ.."

"ဦးလွန်းကို မားကိစ္စတစ်​ခုနဲ့ အပြင်​လွှတ်​ထားတယ်​သားငယ်​​လေး ကွကိုယ်​​မောင်းသွားရမှာ မားစိတ်​ချမယ်​​နော်​.. "

အဆိုး​လေးမို့ပိုချစ်​သည်💜 (Completed)Where stories live. Discover now