တစ်ပတ်အတွင်း ရိပေါ်အဲ့မှာပြင်ဆင်စရာတွေ အကုန်လက်စသတ်ကာ ရှောင်ကျန့်နဲ့အတူ ပေကျင်းပြန်လာခဲ့ကြတယ် အဲ့မှာရှိနေတဲ့အချိန်အတွင်းမှာလဲ သူတို့နှစ်ဦး အတွက် ပျော်ရွင်ကြည်နူးဖွယ် အမှတ်တရတွေနဲ့ဖြတ်သန်းခဲ့ကြတယ်လေ..။
"ကလေး အိမ်ကို ကိုကိုလိုက်ပို့မယ်နော်.."
"ဟုတ်.."
ရှောင်ကျန့် လေဆိပ်မှာအရံသင့်ရောက်နေတဲ့ သူ့ကားလေးကိုမောင်းနှင်ကာ ရိပေါ်လေးကိုလိုက်ပို့ပေးသည်..။
"ဖေကြီးရေ သားငယ်လေးတို့ပြန်လာပီ.."
"ဟေ အေးအေးလာပီ လာပီ.."
ဝမ်ပါး အပြင်ကနေလှမ်းအော်ခေါ်နေတဲ့မိန်းမဖြစ်သူကြောင့် သားငယ်လေးပြန်လာပီဆိုတော့ ပျော်သွားကာ စာကြည့်ခန်းလေးထဲကနေ အပြေးလေးထွက်ခါ သားငယ်လေးဆီလာပီး ယုယစွာပွေ့ဖက်လိုက်တော့သည်..။
"အပါး မား နေကောင်းပါတယ်နော်.."
"နေကောင်းပါတယ်သားငယ်လေးရယ် ဒါမဲ့စိတ်တော့မကောင်းဘူး အပါးသားငယ်လေးမရှိတော့ အိမ်ကြီးကခြောက်ကပ်နေတာပဲကွယ်.."
"ဟုတ်တယ် မားလဲသားငယ်လေးကိုအရမ်းလွမ်းနေတာ မားအရမ်းပျော်တာပဲကွယ် ကြည့်ပါဦး မားသားငယ်လေးက ချောလာလိုက်တာ.."
"ဟီး မားရဲ့သားပဲဟာ.. "
"ဟုပါပီရှင် ကဲလာမားသားငယ်လေးအခန်းကို ရှယ်ပြင်ပေးထားတယ် သားငယ်လေးဘာစားချင်လဲ သားငယ်လေးကြိုက်တတ်တာတွေတော့ အကုန်ချက်ထားတယ် ဒါမဲ့သားငယ်လေးစားချင်တာရှိရင်ပြောလေ မားချက်ကျွေးမယ်.. "
"နေပါမားရဲ့ ပင်ပန်းနေပါမယ် ဒီလောက်ဆိုလုံလောက်ပါပီ ကိုကိုလာလေ အိမ်ထဲမဝင်တော့ဘူးလား.."
ထိုမှ ဝမ်မားကသ့းကို အားနာတဲ့အနေထားနဲ့ကြည့်နေတော့သည် ဟုတ်ပါတယ် ရောက်တည်းကသားငယ်လေးကိုလွမ်းနေတာဆိုတော့ သားကျန့်ကိုသတိမထားမိအောင် ပျော်နေတော့တာ သားငယ်လေးပြောမှ သားကျန့်ကိုသတိရတော့တယ် ဝမ်မားရှောင်ကျန့်ကိုအထဲခေါ်ကာ ထမင်းလက်စုံစားစေပီး သားငယ်လေးကိုပြန်ခေါ်နိုင်ခဲ့လို့ ကျေးဇူးတင်တဲ့အကြောင်းတွေ အများကြီးပြောဖြစ်ခဲ့တယ်..။