"ဝါး...အား.."
အစည်းဝေးလုပ်နေရင်း သူဌေးဖြစ်သူမှ တစ်ဝါး ဝါး သန်းနေလေတော့ ရှယ်ယာရှင်တွေ ဆက်ပဲဆွေးနွေးရမလိုလို ထပဲပြန်ရတော့မှာလိုလိုနဲ့ဖြစ်ကုန်ကြတယ်..။
"ဝါး.."
"ရှောင်ကျန့် အစည်းဝေးလုပ်နေတယ်လေကွာ လူကြီးတွေကိုအားနာဦး.."
ကျန်းချန်ပြောမှ မျက်လုံးကိုအသားကုန်ပြူးကာ ခေါင်းကိုခါလိုက်ပီး နောက်ထပ်အသစ်ထုတ်မဲ့ ထုတ်ကုန်အတွက်ဆွေးနွေးရတယ် ဒါမဲ့မရပါဘူး ငါးမိနစ်လောက်လဲကြာရော လူကသန်းရုံတင်မဟုတ်တော့ဘူး ငိုက်ပါလာတော့သည်..။
"ရှောင်ကျန့်.."
"ဟင် ..သြော်အေး.."
မျက်လုံးကိုပြန်ပြူးကာ ရှယ်ယာရှင်တွေဘက် တချက်ကြည့်လိုက်တော့ အကုန်လုံးကသူ့ကိုပြုံးကြည့်နေတော့ နည်းနည်းတောင်ရှက်သွားမိတယ်..။
"အဟမ်း ဘယ်ရောက်သွားပီလဲကျန်းချန်.."
သေစမ်းဟ ဘယ်လိုသူဌေးလဲ ကုမ္ပဏီရောက်ကတည်းက တဝါး ထဲ ဝါးနေတာ အစည်းဝေးလုပ်မယ်ဆိုပီး သူပဲရှယ်ယာရှင်တွေခေါ်ထားပီး ထိပ်တည့်တည့်ကနေ သန်းလိုက် အိပ်ငိုက်လိုက်နဲ့ အရင်က တည်ကြည်ခန့်ငြားပီး အလုပ်ကိုသေချာစီမံနိုင်တဲ့ ရှောင်ကျန့်က ဘယ်ရောက်သွားတာလဲ..။
"အဟဲ ဟို သူဌေးညကမအိပ်ဖြစ်ဘူးနဲ့တူတယ် အဲ အစည်းဝေးကို သူဌေးအဆင်ပြေတဲ့အချိန်ကို ပြန်ရွေ့လိုက်ပါလား .."
"အဲ့ဒါကောင်းတယ် ဒါဆိုအစည်းဝေးရပ်လိုက်တော့မယ်နော်.."
စပ်ဖြီးဖြီး လုပ်ကာဘယ်သူ့မှတောင်နှုတ်မဆက်နိုင် ရုံးခန်းဆီခြေကုန်လစ်ကာ သူ့ရဲ့သီးသန့်အခန်းလေးထဲဝင်တဲ့ပီး အိပ်ပစ်လိုက်တော့တယ် ဟုတ်တယ်လေကျုပ်မှာမနေ့ညက ဟိုအဆိုးလေးကြောင့် တစ်ညလုံးမအိပ်လိုက်ရဘူး.. ။
"ပြောတော့ အစည်းဝေးကအရေးကြီးပါတယ်ဆို ခုကျအိပ်နေတာများအသေကောင်ကြီးကျနေတာပဲ တသက်နဲ့တကိုယ်သူများတွေမအရှေ့မှာ ကိုယ့်သိက္ခာကိုမထိန်းနိုင်ပဲ အိပ်ငိုက်နေတာ ငါ့တွက်ပထမဆုံးမြင်ဖူးခြင်းပဲ ဟူး.."
..............................