"ဟျောင့်တွေ ဒီဂိမ်းမိုက်တယ် ပြိုင်မလား.."
"ချကွာ.."
"မြန်မြန်လုပ် မားတို့လာတော့မှာနေမှာ.."
"ငါကပွဲကြည့်လုပ်မယ် မင်းနဲ့ကျင်းလင်ပြိုင်ကျ.."
"Ok ကျင်းလင်ငါစပီနော်.."
ဒီလိုနဲ့ ရိပေါ်နဲ့ကျင်းလင် အပြိုင်တိုက်လို့ကောင်းတုန်း ခဏအကြာယွီပင်းတစ်ယောက် ဘေးကနေအားမလိုအားမရနဲ့ကြည့်ကာ အားပေးနေတယ်..။
"ဟား ဟ ကျင်းလင်မင်းသေတော့မယ် ဒန်ဒန့်ဒန်.."
"ရိပေါ် မင်းအကျင့်မပုတ်နဲ့လေကွာ ဟာ ဟျောင့် မညစ်နဲ့ဟာ.."
ထိိုစဉ်လူတစ်ယောက်ဝင်လာတော့ ယွီပင်းမြင်ကာခေါ်မလို့ကြံတုန်း ထိုလူက ခေါင်းခါပြကာ ရိပေါ်အနောက်သွားပီး ..။
"အဟမ်း.."
"အာရုံလာမနောက်နဲ့ယွီပင်း.."
ဂိမ်းကိုပဲ အာရုံစိုက်နေတဲ့ရိပေါ်တစ်ယောက် အနောက်ကနေ ခေါင်းဖွတာခံလိုက်ရတော့ ရှေ့ထိုးစိုက်ပီး ရုံးပါလေရော..။
"ဟာ လခွမ်းပဲ ယွီပင်းမင်း သေ သေ အဲ ကျန့်ကော ဟဲဟဲ.."
ဒေါသနဲ့အနောက်လှည့်ကြည့်တော့ယွီပင်းမဟုတ်ပဲ ကျန့်ကောဖြစ်နေတာကြောင့် စပ်ဖြီးဖြီး လုပ်နေတဲ့ယွီပင်းကို လက်သီးပုန်းပြကာ ကျိန်းလိုက်တယ် ကျင်းလင်ကတော့ ဂိမ်းစက်တွေ သိမ်းပေးနေရင်းပြုံးစိစိနဲ့..။
"ဆေးရုံတတ်ရတာ ပျော်နေတာလား.."
"အား နာလိုက်တာ အမလေး ကျွတ် ကျွတ်.."
အောင်မာ ခုမှနာပြနေတာ ခုနဂိမ်းဆော့တုန်းက ဘာမှမဖြစ်ဘူး ရှောင်ကျန့်ကုမ္ပဏီသွားရန် ပြင်ဆင်နေတုန်း ကျန်းချန်ဆီကဖုန်းဝင်လာတယ် ရိပေါ်သစ်ပင်ပေါ်ကပြုတ်ကျပီး ဆေးရုံတတ်ရတယ်တဲ့ သူ့မှာကြားကြားချင်း စိတ်ပူပီးရုံးမသွားသေးပဲ ဆေးရုံတန်းလိုက်လာခဲ့တယ် အခန်းရောက်တော့ ဆရာသမားလေးက သူရောက်တာတောင်မမြင်ပဲ ဂိမ်းကိုအသည်းသန်ဆော့နေတာဗျ ဘယ်လိုကလေးမှန်းကိုမသိတာ ..။
"ရိပေါ် ငါတို့ပြန်လို့ရပီလား.."
"အေးအေး ကျေးဇူးပဲဟျောင့်တွေ ညကျလာခဲ့ဦးနော်.."