"ငါ ကျန့်ကောနဲ့အဆင်ပြေသွားပီ.."
"ဘယ်လို ကျန့်ကောဟားဟား အစကကျဟိုလူကြီးဆို.."
ကျင်းလင်ရဲ့ လှောင်ရယ်မှုကြောင့် မျက်စောင်းထိုးကာ စားပွဲထိုးလေးလာချပေးတဲ့ ဖျော်ရည်လေးယူသောက်ကာ..။
"အဲ့ဒါ မသိခင်တုန်းကပါ ခုတော့ကျန့်ကောကိုခင်သွားပီ အိမ်လဲမကြာမကြာလာလည်တယ်ကွ.."
"အေးပါ မင်းတို့အဆင်ပြေရင်ဝမ်းသာပါတယ် ကိုကျန့်ကသဘောကောင်းတယ်ကွာ မင်းကသာစွာနေတာ.."
"သြော် ငါလဲ အကြောင်းမသိသေးလို့ပါဟ.."
"ဟျောင့်တွေ နောက်အပတ်ပိတ်ရက်က ရုံးပိတ်ရက်နဲ့တိုက်တယ်လေ .."
"ဟုတ်သားပဲ မင်းဘာလုပ်ချင်လို့လဲ ငါတို့ကိုပြောပြ.."
"ဒီလို ယွီပင်းရာ အဲ့နေ့ကျငါတို့အိမ်လူစုပီး စားပွဲလေးကျင်းပရအောင် ကျင်းလင်ကကိုကျန်းကိုခေါ်ခဲ့ ယွီပင်းကမမဝမ်ချင်နဲ့လာခဲ့ ငါကကျန့်ကောကိုဖိတ်လိုက်မယ်လေ မကောင်းဘူးလား.."
"ကောင်းတယ်.."
"ငါ့မမက မင်းပါးရဲ့အတွင်းရေးမူးပဲ လိုက်လောက်ပါတယ်.."
"မလိုက်လဲ အပါးကိုခေါ်ခိုင်းမယ်ကွာ.."
"Ok.."
သုံးယောက်သား ဆိုင်လေးထဲ တိုင်ပင်လို့အပီးမှာ ဆိုင်ထဲကိုဝင်လာတဲ့ ကျန့်ကော ပီးတော့ဘေးမှာအမျိုးသမီးတစ်ယောက်နဲ့ ကျန့်ကောကတော့သူတို့ကိုမြင်ပုံမပေါ်ဘူး..။
"ထိုင် LiLiဘာသောက်မလဲ .."
"သံပရာရည်ပဲသောက်တော့မယ်ကျန့်.."
"Ok ညီလေးသံပရာရည်နှစ်ခွက်.."
ဝိတ်တာလေးကိုလှမ်းမှာပီး ထိုမိန်းကလေးနဲ့ ရယ်မောစွာ စကားတွေအများကြီးပြောနေတဲ့ ကျန့်ကောကို ကြည့်ပီး ထိုမိန်းကလေးကို ကြည့်မရတော့ပေ ရိပေါ်သူတို့ဝိုင်းမှထကာ ကျန့်ကောတို့ရဲ့ဝိုင်းဆီ ခြေဦးတည်လိုက်တယ်..။
"ရိပေါ် ဘယ်လဲ.."
"ကျန့်ကောကို သွားနှုတ်ဆက်မို့ခဏလေး.."
ရိပေါ် မျက်နှာချိုးပြင်ကာ ကျန့်ကောနားရပ်လိုက်ပီး..။
"ကျန့်ကော ထိုင်မယ်နော်.."