chapter_ 06💜

855 67 0
                                    

ရိပေါ်တို့ ကျောင်းလေ့လာရေးထွက်သွားတော့ ရှောင်ကျန့်လဲပျင်းနေပီ မဟုတ်ရင်အဆိုးလေးက သူ့ကုမ္ပဏီ ရောက်ရောက်လာပီး ပတ်မွှေနေကျ ဒီနေ့ရုံးပိတ်ရက်ဆိုတော့ ရိပေါ်တို့အိမ်ဘက်ခဏထွက်လာခဲ့တယ်..။

"သြော် သားကျန့်လာကွယ် သားအန်ကယ်ကတောင်မေးနေတာ ပျောက်ချက်သားကောင်းနေလို့.."

"ခုတလော အလုပ်ရှုပ်နေလို့ပါအန်တီရော နေကောင်းတယ်မလား.."

"ကောင်းပါတယ် အန်တီကသားငယ်လေးပျော်နေရင် စိတ်ချမ်းသာနေတာပဲ ခဏနော်သားအန်ကယ်ကိုခေါ်ပေးမယ်.."

အန်တီထသွားတော့ ရှောင်ကျန့်ခြံထဲဆင်းလာကာ လျောက်ကြည့်နေလိုက်တယ် ခုဆိုသူလဲဒီအိမ်နဲ့သိပ်မစိမ်းတော့..။

"သားကျန့်.."

"အန်ကယ် .."

"အေး သားကျန့်နေခဲ့ဦး အန်ကယ်သားငယ်လေးကိုသွားကြိုရမှာမို့.."

"ရိပေါ်တို့က ဒီနေ့ပြန်လာမှာလား.."

"ဟုတ်တယ် အခုပဲဖုန်းဆက်လာတာ.."

"ဒါဆို ကျနော်သွားကြိုလိုက်မယ်လေ ကျောင်းကိုပဲလား.."

"ကျောင်းပေါက်ကစောင့်နေတဲ့ဗျာ အဟဲ သားကျန့်ကိုအားနာပါတယ်ကွယ် အန်ကယ်ပဲသွားလိုက်ပါ့မယ်.."

"ရပါတယ် ကျနော်လဲရိပေါ်နဲ့မတွေ့တာကြာပီ ကျနော်သွားပီနော်.."

"အေးအေး.."

ရှောင်ကျန့် ရိပေါ်ကိုကြိုရန် ကျောင်းဘက်ကိုမောင်းလာခဲ့ကာ အသင့်စောင့်နေလိုက်တယ် ခဏကြာတော့ ရိပေါ်တို့လေ့လာရေးကားကြီးရောက်လာခဲ့တယ်..။

"ရိပေါ်.."

အထုတ်တွေ မနိုင်မနှင်းသယ်ကာ ဆင်းလာတဲ့ရိပေါ်ကိုလှမ်းလက်ပြလိုက်တော့ အထုတ်တွေချပီးသူ့ဆီပြေးလားကာ..။

"ကျန့်ကော ဝမ်လေးကိုလာကြိုတာလားဟင်.."

"အင်းပေါ့ .."

"အဟေး ပျော်လိုက်တာ အပါးကဖုန်းဆက်တယ် ကျန့်ကောလာကြိုမှာဆိုလို့ မြန်မြန်ရောက်ချင်နေတာ.."

"ဟုတ်ပါပီ အထုတ်တွေရော.."

"အယ် ကားနားမှာမေ့နေခဲ့ပီ သွားယူလိုက်ဦးမယ် ဟဲ ဟဲ.."

အဆိုး​လေးမို့ပိုချစ်​သည်💜 (Completed)Unde poveștirile trăiesc. Descoperă acum