Part 12

369 50 3
                                    

[Zawgyi]

ဒီနေ့သည် Jimin ၏အစီအစဉ်အား စတင်အကောင်အထည်ဖော်မည့်နေ့ပင်။ မနက်ကတည်းက တလွဲမဖြစ်ပါစေနှင့်ဟုဆုတောင်းနေရသည်။
Jimin ဘက်ကအခြေအနေကိုသိချင်၍ ဖုန်းဆက်မေးရန်ဆုံးဖြတ်လိုက်သည်။ Jimin တစ်ယောက် ဘာတွေဘယ်လိုရှုပ်နေသည်မသိချေ။ ၃ခါလောက်ဆက်ပြီးနောက် မကိုင်သည်နှင့် ထပ်မဆက်တော့ဘဲ စာတွေကို ပြန်နွှေးရင်း Taehyung ကိုသာစောင့်နေလိုက်သည်။

Ring Ring Ring

ဖုန်းဝင်လာတော့ Jimin ပြန်ဆက်သည်အထင်နှင့် Name ကိုမကြည့်ဘဲ အစိမ်းကွက်လေးကိုပွတ်ဆွဲကာ သိချင်သည်ကို
ကပျာကယာမေးလိုက်သည်။

"Jimin ဘယ်လိုလဲ အဆင်ပြေလား သူတို့ကိုခေါ်လို့ရရဲ့လား"

"အောက်ဆင်းလာတော့"

အသံဩဩလေးကိုကြားတော့မှ ထိတ်လန့်တကြား ဖုန်းကိုနားမှခွာကာ Name ကိုကြည့်လိုက်သည်။
Kim Taehyung
ဘယ်လိုတလွဲနိုင်မှုကြီးလဲ။ တော်သေးတာပေါ့။
Jin တို့နာမည်ကိုထုတ်မပြောမိလို့။
သူတွေးနေတုန်း Taehyung ဖုန်းချသွားလေပြီ။
Jimin ကလဲအခုထိဖုန်းပြန်မဆက်သေးချေ။
ကျောင်းက သွားရတော့မည်။ စာအုပ်တွေကိုသိမ်းဆည်းကာ အောက်သို့အချိန်ဆွဲ၍ဆင်းလာတော့သည်။
အောက်ရောက်တော့ မကျေမချမ်းမျက်နှာနှင့် စောင့်နေသောသူ။

ဒေါ်လေးဆိုင်ကိုဝိုင်းကူဖွင့်ပေး၍ နည်းနည်းပါးပါးဝိုင်းကူပြီး ၈နာရီထိုးသည်နှင့် ကျောင်းသွားရန် Hoseok ကိုလာခေါ်လေသည်။ တိုက်ရှေ့ရောက်၍ အောင်ဆင်းလာရန် ဖုန်းဆက်တော့ မေးလာသည်က သူနှင့်လားလားမျှမဆိုင်။ လိုရာကို ပြောပြီး ဖုန်းချလိုက်သည်။ သို့သော်လည်း ခေါင်းထဲမှာ မေးခွန်းတွေက တသီတတန်းကြီးပေါ်လာသည်။ သူ့နာမည်မြင်ရဲ့သားနှင့် ဘာလို့ အခုလိုမေးတာလဲ။ သူ့ဖုန်းနံပါတ်ကို မမှတ်ထားဘူးလား။ Jimin ဆိုတာက ဟိုပုပုသေးသေးတစ်ယောက်မဟုတ်လား။ သူတို့ဆိုတာကရော ဘယ်သူလဲ။ ပေါ်လာသမျှ မေးခွန်းတွေက ဖြေမည့်သူမရှိချေ။
အတန်ကြာစောင့်ပြီး တိုက်ပေါ်မှနှေးကွေးစွာ ဆင်းလာသူသည် ဒီနေ့ ကျောင်းသွားဖို့စိတ်ကူးရှိရဲ့လား။

"ကိုယ့်ကိုယ်ကိုယ် မော်ဒယ်များထင်နေတာလား ဆင်းလာပုံက Slow motion နဲ့ ဒီပုံအတိုင်းဆို ဒီနေ့ ကျောင်းသွားရတော့မှာလား"

Sad song  (Z+U)Where stories live. Discover now