[Zawgyi]
"အရမ်းနာကျင်ရလား... အဲဒီရောဂါက"
စားပွဲပေါ်က ပန်းအိုးကို ကြည့်ပြီး
ရုတ်တရက်ဆန်စွာ မေးလာသူကို
Hoseok တွေတွေလေးငေးကြည့်မိသည်။
ခဏက ဆူညံနေတာ သူမဟုတ်တဲ့အတိုင်း ဧည့်ခန်းလေးသည် တိတ်ဆိတ်လို့။
ထိုအချိန် အိမ်ရှေ့တွင် ကားတစ်စီးဆိုက်လာသည်။"ဦးလေးတောင် ရောက်လာပြီ..
မင်းတို့ မလာသေးဘူးလား""နောက်ကျရင် ငတ်မယ်နော်"
"hyung တို့နှစ်ယောက်
ဘယ်ကတည်းက ငတ်နေတာလဲ""မင်းလို မွေးကတည်းကငတ်လာတာမဟုတ်ဘူးဆိုတာတော့ သေချာတယ်"
"အမေဗိုက်ထဲက ထွက်တာနဲ့ ကလေးတိုင်း ဗိုက်ဆာလို့ အော်ငိုကြတယ်လေ အကုန်တူတူပဲ"
"JK.. မပြောချင်လို့ ကြည့်နေတာနော်..
Hyungကိုတစ်ခွန်းမကျန်ပြန်ပြောနေတယ်ပေါ့""ချစ်ကလည်း.. Hyung စကားက မှန်မှမမှန်တာ"
"ဂိမ်းဆော့ရင်း ငါအရိုက်ခံရတုန်းကျ..အော်ရယ်နေပြီးတော့..
ဟင်းဟင်း.!.. ငါဒါပဲပြောမယ် JM..
ပြီးတော့ JK.. ကလေးတွေ အော်ငိုတာက ဗိုက်ဆာလို့မဟုတ်လောက်ပါဘူး... တချို့တွေဆို မငိုကြဘူးလေ""မွေးကတည်းက ငတ်လာတာဆိုပြီး
Jin hyung အရင်ပြောတာပါနော်""အာ... ဟုတ်ရင်လည်းဟုတ်လောက်မှာပါ..Hee"
သူတို့တွေ တစ်ယောက်တစ်ပေါက်ပြောနေကြသံကိုကြားမှ Taehyung သတိဝင်လာသည်။
သူHoseok ကိုဘာတွေမေးလိုက်မိတာလဲ။
Hoseok မျက်နှာကိုအလန့်တကြားကြည့်တော့
သူ့ကိုပြုံးပြလာသည်။"မင်းတို့နှစ်ယောက် ဘာထိုင်ကြည့်နေကြတာလဲ"
"ဦးလေးYoongi.. ကျွန်တော်တို့ထမင်းစားခန်းထဲမှာ"
သူ့မေးခွန်းကိုမဖြေဘဲ အကြည့်ချင်းဆုံပြီးငေးနေကြတဲ့ နှစ်ကောင်ကို ဘာမှထပ်မမေးတော့ဘဲ. ထမင်းစားခန်းထဲသာ
Yoongi ဝင်သွားတော့သည်။"ခဏက မေးခွန်း ကိုယ်မမေးခဲ့ဘူးလို့ သတ်မှတ်လိုက်ပါ.. ဖက်ထုပ်သွားစားရအောင်"
Hoseok ဘာမှပြန်မပြောဘဲ Taehyung ခေါ်ရာနောက်သို့ လိုက်ပါသွားသည်။
YOU ARE READING
Sad song (Z+U)
Fanfiction*I'm just a sad song* အကြိုက်ဆုံးသီချင်းထဲကမကြိုက်တဲ့ သီချင်းစာသားပေမဲ့ ကျွန်တော်ကိုယ်တိုင်ကတော့ သူ့ အတွက် ဝမ်းနည်းစရာ သီချင်းတစ်ပုဒ်ဖြစ်ခဲ့တယ် *I'm just a sad song* အကြိုက်ဆုံးသီချင်းထဲကမကြိုက်တဲ့ သီချင်းစာသားပေမဲ့ ကျွန်တော်ကိုယ်တိုင်ကတော့ သူ ့အတ...