[Zawgyi]"hyung နေမကောင်းဘူးလား
မျက်နှာလည်းမကောင်းဘူး ဘာဖြစ်နေတာလဲ""ဘာမှမဖြစ်ပါဘူး နေကောင်းပါတယ်"
ဒီနေ့ ကျောင်းပိတ်ရက်ဖြစ်သဖြင့် Jin တို့ဆိုင်မှာ လာရောက်ဝိုင်းကူနေရာမှ Jimin မှမေးလာခြင်းဖြစ်သည်။
"ဒါနဲ့ ဟိုတစ်နေ့က Taehyung အခန်းကိုလာတဲ့အကြံက မင်းအကြံမဟုတ်လား"
"wow! hyung! ဘယ်လိုသိတာလဲ"
မျက်လုံးကိုနဂိုထက်ပိုပြူးကာ တမင်အံ့ဩနေဟန်လုပ်မေးနေ၍ ခေါင်းကိုနာနာလေးတချက်ခေါက်ထည့်လိုက်သည်။
"အား... hyung ~~"
"ဒီအကြံကို ဒေါ်လေး၊ မင်းနဲ့ငါနဲ့ တိုင်ပင်ထားတာလေ
အဲဒီတုန်းက ဒီအကြံကို အဆင်မပြေဘူးလို့ငါပြောခဲ့တယ်မလား""hyung ကအဆင်ပြေပါတယ်လို့ပြန်ပြောခဲ့တာကိုရော မေ့သွားတာလား"
တကယ်လည်းထိုသို့ပြောခဲ့၍ ဘာမှအထွန့်မတက်တော့။
ညကလည်းTaehyungအစပိုင်းတစ်ချက်ဆူတာကလွဲရင် ထင်သလောက်မဆိုးရွားခဲ့ဘူးလေ။
ဆိုင်ထဲကို စားသုံးသူဝင်လာ၍ Jimin ထသွားသည်။
Jk ကတော့ ဦးလေးကိုကူညီပေးနေသည်။
Jin နဲ့ Taehyung က ဆိုင်ကယ်ကိုယ်စီနဲ့ ပါဆယ်သွားပို့ကြသည်။
ညက အဆင်ပြေသွား၍ တစ်ယောက်နဲ့တစ်ယောက်
မျက်မုန်းကျိုးနေတာတွေမရှိတော့ချေ။
ထိုအချက်ကြောင့် မနက်က ဦးလေးနဲ့ဒေါ်လေးတို့ အံ့ဩနေကြသည်။"Ring Ring Ring "
"Hello"
တစ်ဖက်မှစကားကိုကြားပြီးနောက် ကျွန်တော်သက်ပြင်းရှည်တစ်ခုချလိုက်မိသည်။
"အင်း ဟုတ်တယ်"
"အင်း ငါအခုချက်ချင်းလာခဲ့မယ်"
ဖုန်းကိုအိတ်ထဲထည့်ပြီး ထိုင်ရာမှထလိုက်သည်။
"ဒေါ်လေး ကျွန်တော်အိမ်ပြန်တော့မယ်
Jimina သွားပြီ""hyung ဘာနဲ့သွားဖို့လဲ စီနီယာကိုခဏစောင့်လိုက်ပါလား"
"ဟုတ်သားပဲ သားရယ် အလောတကြီးနဲ့ ဒီမှာ ကြက်ကြော်ယူသွားဦး"
ဆိုင်ရှေ့ရောက်နှင့်နေပြီဖြစ်၍ ဆိုင်ထဲပြန်ဝင်ပြီး ကြက်ကြော်ပြေးယူရသည်။
YOU ARE READING
Sad song (Z+U)
Fanfiction*I'm just a sad song* အကြိုက်ဆုံးသီချင်းထဲကမကြိုက်တဲ့ သီချင်းစာသားပေမဲ့ ကျွန်တော်ကိုယ်တိုင်ကတော့ သူ့ အတွက် ဝမ်းနည်းစရာ သီချင်းတစ်ပုဒ်ဖြစ်ခဲ့တယ် *I'm just a sad song* အကြိုက်ဆုံးသီချင်းထဲကမကြိုက်တဲ့ သီချင်းစာသားပေမဲ့ ကျွန်တော်ကိုယ်တိုင်ကတော့ သူ ့အတ...