Part 4

405 62 3
                                    

"သား သားလေး သား Hs"

"inn. . . ဒီနေ့ကျောင်းပိတ်တယ်လေ သားအိပ်ဦးမယ်"

"လဒလေး မနက်စာနဲ့နေ့လည်စာပေါင်းစားချင်လို့လား အခု ၁၀နာရီခွဲတော့မယ်"

Yoongiအသံကြောင့် Hs ငေါက်ခနဲထထိုင်လိုက်တယ်

"ဦးလေး ဘယ်ကဘယ်လိုရောက်လာတာလဲ"

"မင်းပဲ မနေ့က လျှောက်လည်ချင်တယ်ဆို"

"အာ  ဟုတ်သားပဲ"

"ဘာ ဟုတ်သားပဲလဲ သွား ရေသွားချိုး ထမင်းစားပြီးရင်သွားရအောင်"

"ဟီး ဟီး ဟုတ်ကဲ့"

Hs ကျောင်းပိတ်ရက်မှာ မြို့အနှံ့လျှောက်လည်ချင်နေတာ ဟိုတခါက ကားဝယ်တာနဲ့ နေရာအစုံမရောက်လိုက်ရဘူး ဦးလေးကမအားတာနဲ့ ဒီပတ်ကျောင်းပိတ်တော့မှသွားရတော့တယ် ဦးလေးက ဒီကဆိုတော့ ဦးလေးကိုပဲအားကိုးရတယ်

"Hs မင်းခုထိမဆင်းလာသေးဘူးလား"

"လာပြီ"

ဦးလေးက စိတ်မရှည်တတ်လိုက်တာ
အောက်ထပ်ရောက်တော့ ထမင်းစားဖို့ ထမင်းစားခန်းထဲဝင်မည်အပြု

"ဒီနေ့ သွားရတော့မလား ငါ မင်းလိုအားယားနေတာမဟုတ်ဘူး"

"ငါ့မောင်ရယ် သားလေးကိုထမင်းတော့ အေးအေးဆေးဆေးစားပါစေကွယ်"

Hs ခုံမှာဝင်ထိုင်ကာ အေးဆေးထမင်းစားနေလိုက်တယ် ဦးလေးက စားခဲ့မှာပဲ မခေါာတော့ပါဘူး ဦးလေးက ပလုပ်ပလောင်းစားနေတဲ့ကျွန်တော့်ကိုကြည့်ကာ

"အမတို့နော် ဒီကောင့်ကိုအဲလိုအလိုလိုက်နေလို့ ဒီကောင်ဆိုးနေတာ"

"ငါ့သားကဘယ်မှာဆိုးနေလို့လဲ ပြောပါဦး"

"ဟုတ်ပ မေမေ့သားအလိမ္မာတုံးလေးကိုပြောရက်တယ်"

"ဟိုအကောင် ချွဲမနေနဲ့ ကျောင်းကသတင်းတွေကဘာလဲ"

"အဲဒါက သားကိုမကျေနပ်တဲ့လူက သတင်းလွှင့်တာလေ သားတို့ကဘာမှမဖြစ်ဘူး"

"အေး ဒါပေမဲ့ သတင်းကနေ အခုအတင်းအဖျင်းတွေဖြစ်နေပြီ သားJoonတို့မိသားစုကို ဘယ်လောက်အားနာဖို့ကောင်းလဲ နောက်ဆို သားJoonနဲ့ နှစ်ယောက်တည်း စာအတူမကျက်နဲ့တော့"

Sad song  (Z+U)Where stories live. Discover now