Part 28

250 45 4
                                    

[Zawgyi]

"လွမ်းတယ်"

ဖုန်းပြောလျှင် ထိုစကားတစ်ခွန်းက မပါမဖြစ်။
စာရှင်းပြနေရင်းမှ ကောက်ကာငင်ကာထပြောတတ်တဲ့
Taehyung ကို Hoseok သဘောတကျပြုံးကြည့်နေလိုက်သည်။
Taehyung ကတော့ ခဏက ပြောခဲ့တာ သူမဟုတ်သည့်အတိုင်း သင်္ချာကို ဟန်မပျက်ဆက်ရှင်းပြနေပါ၏။

"ဒီequation တွေကို သေချာကျက်ထားနော်..
ဒါတွေရမှ အဆင်ပြေမယ်"

"ဘာequation တွေလဲ"

Taehyung မှာ ဖုန်းscreen ဘက်ကို equation ရေးထားသော စာအုပ်လှည့်ပြရင်း တစ်ခုချင်းစီ သေချာဖတ်ပြလာသည်။

"ရှုပ်လိုက်တာ"

ထိုသို့ပြောပြီး နှာခေါင်းရှုံ့လိုက်တော့ Taehyung သည်
ထုံးစံအတိုင်း သူ့ကိုဆူပါတော့သည်။

"ဒါတွေကို ကျက်ထားပါလို့ပြောတာ ၅ရက်လောက်ရှိနေပြီ.. အခုထိ ရှုပ်တုန်းပဲလား..ငါတောင် မှတ်မိနေပြီ..မင်းအခုထိ."

"ငါလိုချင်တာ မင်းမှတ်မိဖို့ပဲလေ"

သူ့စကားကြောင့် ပြုံးချင်နေသော
Taehyung က မပြုံးမိစေရန် မျက်နှာတည်အောင်
အသည်းအသန်ကြိုးစားနေလေ၏။

"ငါလည်း အများကြီးလွမ်းတယ်..
ဒီတစ်ပတ်ကျောင်းပိတ်ရက်.. အိမ်လာလည်နော်"

Taehyung မျက်ဝန်းတွေ စက္ကန့်အချို့တောက်ပသွားသော်လည်း ရုတ်ခြည်းမှေးမှိန်သွားပြန်သည်။

"အမေတို့ကို ပြောပြီးသွားပြီ..စာအုပ်တွေပါယူခဲ့"

ထိုအခါမှ Taehyung မှာ ကြည်ကြည်လင်လင်ပြုံးနိုင်တော့သည်။

"စာအုပ်က ဘာလုပ်ဖို့လဲ..မင်းကိုတွေ့ချင်တာလေ"

"ငါနဲ့တူတူစာကျက်ဖို့လေ..မိုးချုပ်မှပြန်..စာအုပ်အများကြီးယူခဲ့နော်"

Taehyung ယခုမှ နားလည်သွားရသည်။
တနေ့လုံး တွေ့နိုင်ဖို့ရန် အကြံကို ကြံကြံဖန်ဖန်စဉ်းစားတတ်သော Hoseok ပါပင်။

မိနစ်အတော်ကြာသည်အထိ ဘာမှမပြောဘဲ သူ့ကိုပဲ စိုက်ကြည့်နေသော Taehyung ကြောင့်
Hoseok ရှက်လွန်းလို့ မျက်နှာတွေပင် ပူလာရသည်။
ဒါတောင် ဖုန်းထဲကမို့လို့ပဲ။ Hoseok၏အားနည်းချက်တစ်ခုက သူ့ကိုစိုက်ကြည့်နေသော Taehyungကို ပြန်မကြည့်ရဲခြင်းဟု ပြောရတော့မည်။

Sad song  (Z+U)Where stories live. Discover now