Part 29 (Final)

553 61 36
                                    

[Unicode]

ပြတင်းပေါက်မှ ဖြာကျလာသော မိုးသောက်အလင်းအရုဏ်ဦးကို
Hoseok တမေ့တမောငေးလိုက်၏။
ထိုစဉ် နှာခေါင်းထဲတိုးဝင်လာသော မွှေးပျံ့သောပန်းရနံ့ကြောင့် စိတ်တွေလန်းဆန်းလာသလို။

"မွှေးလိုက်တာ"

ပြတင်းပေါက်နားသွား၍ မျက်လုံးလေးမှတ်ကာ နေရောင်ခြည်ခပ်နွေးနွေးကို ခံစားလိုက်တော့ ခန္ဓာကိုယ်၏ဖောက်ပြန်မှုကြောင့် ခံစားနေရတဲ့ နာကျင်မှုများဆီ အာရုံရောက်သွားတဲ့အခါ နှုတ်ခမ်းကို တွန့်ကွေးရုံပြုံးမိသည်။

"အခုတလော မင်းအရမ်းသောင်းကျန်းနေတယ်နော်.. ပျော်စရာကိစ္စရှိနေတာလား ဟင်.?"

"မင်းအရမ်းပျော်နေရင်.. ငါနာကျင်ရတယ်"

မှေးမှိတ်ထားသော ညာဘက်မျက်လုံးအိမ်မှ မျက်ရည်တစ်ပေါက် လိမ့်ဆင်းလာ၏။

*Ring Ring Ring*

"Hello"

[ဒီနေ့ အစောကြီးနိုးနေပါလား]

"အွန်း... ဒီနေ့မနက်ခင်းက အရမ်းလှနေလို့..
နှင်းဆီပန်းကလည်း ဒီနေ့မှထူးထူးခြားခြား အရမ်းမွှေးနေတာ"

[စိတ်ကြည်နေတယ်ဆို.. အကြွေးဆပ်တော့]

နှင်းဆီပင်ကို ရေဖြန်းပေးနေရာမှ Hoseok ဟက်ဟက်ပက်ပက်ထရယ်မိသည်။

"ဖုန်းထဲကနေ? "

[ဟင့်အင်း.. အိမ်လာယူမှာ]

"စာမကျက်ဘဲ အကြွေးတောင်းဖို့ပဲ စဉ်းစားနေတယ်ပေါ့"

[ကိုယ်ရမယ့်အကြွေးဆိုတာ မမေ့ကောင်းဘူးလေ]

"မနက်ဖြန်ပဲ ရတော့မှာကို..
စိတ်ရှည်သည်းခံလမ်းကြောင်းမှန်တဲ့"

[ဟုတ်ပါပြီ..မနက်ဖြန်လူလည်လေးလုပ်ရင် အကြွေးနှစ်ဆယူပစ်မယ်]

Taehyung အသံမှာ အာပေါင်အာရင်းသန်သန်ပြောနေသောအသံဖြစ်၍
Hoseok မရယ်ဘဲမနေနိုင်။

"ဖြည်းဖြည်းသက်သာပြောပါ Taehyungရယ်...
စာတွေထွက်ကျကုန်မှဖြင့်"

[ကိုယ့်အတွက် ဆုတောင်းပေးဦး]

"ဒီနေ့ ကောင်းကောင်းမွန်မွန်နဲ့ စာမေးပွဲဖြေနိုင်ပါစေ"

Sad song  (Z+U)Where stories live. Discover now