Part 5

374 61 3
                                    

စူပုပ်ပုပ်မျက်နှာနဲ့ ကြက်ကြော်တွေကိုချကာ စားပွဲထိုးလုပ်နေတဲ့ သားနှစ်ယောက်ကို ပြုံးကာကြည့်နေမိသည်
အကြောင်းမှာ အရင်ကကျောင်းကပြန်ရင် Jm အိမ်မှာစာစုကျက်ပြီးမှ အိမ်ပြန်တတ်တဲ့ Jin နဲ့ Jk တို့သည် Hs နဲ့ Joon တို့ Jm အိမ်မှာစာလာကျက်တဲ့နေ့ကစပြီး ညနေ၆ နာရီမှစာတူတူကျက်ရအောင်ဆိုကာ ကျောင်းကပြန်ရင် အားနေ၍ ဆိုင်အလုပ်ဝိုင်းကူလုပ်ပေးနေရလေသည်
ဆိုင်အလုပ်ဝိုင်းကူလုပ်ရတာကို စူပုပ်နေခြင်းမဟုတ်
Tyနဲ့အတူတူ တစ်နေရာတည်းအလုပ်လုပ်နေရ၍ စူပုပ်နေခြင်းပင်
စပြီးလုပ်တဲ့နေ့က ရန်ဖြစ်ကြသေးသည် ဒါကြောင့်
အတူတူထားရင်မဖြစ်ဘူး စဉ်းစားမိကာ သားနှစ်ယောက်ကို စားပွဲထိုးလုပ်ခိုင်း၍ Tyကို ကြက်ကြော်သာပို့စေသည် သားနှစ်ယောက်ရှိတော့ Tyလည်းသိပ်မပင်ပန်းဘူးပေါ့ အရင်က စားပွဲထိုးလည်းလုပ်ရ ကြက်ကြော်လည်းလိုက်ပို့ရနဲ့ပင်ပန်းတယ်လေ ဒီကလေးက ဒီအလုပ်တစ်ခုတည်းလုပ်နေရတာမှမဟုတာ
သားJinကတော့ပြောပါတယ် Tyကိုအလုပ်ဖြုတ်လိုက်ဖို့ သူပဲကြက်ကြော်ပို့ပေးမယ်ဆိုသည် ဒါပေမဲ့ ဖောက်သည်တွေအိမ်ကို Tyပဲသိတယ် ဆိုတဲ့အကြောင်းပြချက်နဲ့ မဖြုတ်ခဲ့ပါ 
Tyလေးကို သားတွေနဲ့တူတူစာကျက်စေချင်တယ် ဒါပေမဲ့ Tyလေးကလက်မခံမှာကိုသိနေတာကြောင့် မပြောဖြစ်တော့ပါ

"အမေ   အမေ     အမေ့"

"ဟဲ့ ငါနားကန်းတော့မှာပဲ"

"အမေ့ကိုခေါာနေတာကြာပြီ ဘာစဉ်းစားနေတာလဲ"

"ဘာပြောဖို့လဲ"

"သားနဲ့Jk အိမ်ပြန်တော့မယ် ၅ခွဲနေပြီ စာသွားကျက်ဖို့ပြင်ဆင်ရဦးမယ်"

"အေး အေး ကောင်းကောင်းသွား ထမင်းဟင်းတွေကို သေချာပြန်နွေးပြီးမှစားနော်"

"ဟုအမေ သားတို့သွားပြီ"

ထွက်သွားတဲ့သားနှစ်ယောက်ကျောပြင်ကိုကြည့်ကာ သက်ပြင်းချလိုက်မိတယ် ဒီကလေးတွေနဲ့ Tyလေးအဆင်ပြေအောင် ဘယ်လိုလုပ်ရပါ့

============================

"Joon မင်းအခုထိမပြီးသေးဘူးလား ဦးလေးကစိတ်ရှည်တာမဟုဘူး သူလာတာနဲ့ အဆင်သင့်ဖြစ်အောင်ပြင်ထားပါလို့ပြောထားရက်နဲ့ကွာ"

Sad song  (Z+U)Where stories live. Discover now