Part 2

501 59 2
                                    

မနက်က အိပ်ရာထနောက်ကျသွားတယ်
ဟိုနှာတံချွန်ချွန်လေးကြောင့် တစ်ညလုံးအိပ်မရဖြစ်ခဲ့ရတာလေ အခုတော့ ဒေါာလေးကိုတောင် ဆိုင်ဝိုင်းကူမဖွင့်ပေးခဲ့ရဘူး ကျောင်းနောက်ကျမှာစိုးလို့
အတန်းထဲရောက်တော့ ကိုယ့်ထိုင်ခုံမှာထိုင်ပြီးတာနဲ့ ဆူဆူညံညံအသံတွေကြားရပြီ

"ဟဲ့ နင်ကြားပြီပြီလား ဒီနေ့ ကျောင်းသားသစ်ရောက်မယ်တဲ့ "

"အင်း ကျောင်းသားသစ်က ဂွမ်ဂျူကသူဌေးသားလို့ကြားတယ် ချောတယ် ပွေတယ်တဲ့"

"ဟင် ဟုတ်လား ဒါဆိုရင် ငါတော့ ရည်းစားသစ်ရတော့မယ်"

"စိတ်ကူးယဉ်မနေနဲ့ သူထားတဲ့ရည်းစားတွေထဲမှာ အစစ်မတစ်ယောက်မှမပါဘူး"

"ဘာ သူက b to bကြိုက်တာလား"

"သူကကြိုက်တာမဟုတ်ဘူး သူ့ကိုရည်းစားစကားပြောတဲ့လူတွေက boyတွေပဲဖြစ်နေတာ"

"တိတ်တော့ ဆရာလာနေပြီ"

ဆရာ့ကိုနှုတ်ဆက်ပြီးနောက် အခန်းထဲကို ကျောင်းသားသစ်ဝင်လာတယ် ဟင် သူပဲ Sunshineလိုအပြုံးလေးနဲ့သူ့ကြောင့် ကျွန်တော့်ရင်ခုန်သံတွေက ဆူညံသွားတယ် သူကကျောင်းသားသစ်ပေါ့ ပျော်လိုက်တာ

"ချောလိုက်တာ"

"ဟယ် ပါးချိုင့်လေးနဲ့ ငါ့styleပဲ"

"ကဲ အားလုံးပဲနားထောင်မယ် သား မိတ်ဆက်လိုက်ပါဦး"

"ဟုတ် ဆရာ အားလုံးမင်္ဂလာပါ ကျွန်တော့်နာမည်က Jung Hoseokပါ ကျွန်တော့်ကို ကူညီပေးကြပါဗျ"

"Nae everytime welcome"လိုတာထက်ပိုတဲ့ အသံနဲ့ ပြောလိုက်တဲ့ ကျွန်တော့်ဘေးနားမှ Seokjin

"ဟိုကောင် မနောက်နဲ့"

"စိတ်ရင်းနဲ့ပါဆရာ"

"ကဲသား Namjoonဘေးကထိုင်ခုံမှာ သွားထိုင်"

"ဟုတ် ဆရာ"

ကျွန်တော့်ရှေ့က ထိုင်ခုံမှာလာထိုင်ရင်း အပြုံးတွေကို နှမြောခြင်းမရှိ စွန့်ကြဲနေတဲ့သူ့ကြောင့် ကိုယ်နဲ့မဆိုင်ဘဲနဲ့ စိတ်ဆိုးနေမိတယ် သူကဘာလား အဲလိုတွေပြုံးပြနေလို့ သူ့ကိုရည်းစားစကားပြောကြတာပေါ့ သူကရောပြောတဲ့လူတိုင်းကို လက်ခံလိုက်တာပဲလား Kim Taehyungမင်းဘာတွေလိုက်စဉ်းစားနေတာလဲ သူများအကြောင်းစိတ်မဝင်စားနဲ့ ကိုယ့်အလုပ်ကိုယ်လုပ် ဟိုကသူဌေးသား အချိန်ပေါတယ် ငွေပေါတယ် မင်းကကျောင်းစရိတ်တွေရှာပြီးကျောင်းတက်နေရတာ မတူတာကို မမှန်းနေနဲ့
တော်ပြီ ကိုယ့်စာပဲကိုယ်လုပ်တော့မယ်

Sad song  (Z+U)Where stories live. Discover now