Part 13

374 58 20
                                    

[Zawgyi]

Taehyung ဆိုင်မှပြန်လာသောအခါ ကုတင်ပေါ်မှာ Hoseok အိပ်နေဆဲပင်။
နေ့တိုင်းလိုလိုပင် ညနေဘက် အိပ်နေတတ်တာကြောင့် သူပြန်လာတိုင်းနှိုးနေရသည်။ မနက်က ကိစ္စတွေကြောင့် စကားမပြောချင်သော်လည်း ညနေဘက်အိပ်နေသည်မို့ ခေါ်နှိုးလိုက်သည်။ ဘေးစောင်းအိပ်နေ၍ လက်မောင်းကိုလှုပ်နိုးတော့။ ဟင် !!ကိုယ်တွေပူနေပါလား။ နဖူးကိုစမ်းကြည့်တော့ မီးခဲလိုပူကျစ်နေသည်။

"Hoseok. . Hoseok . .Hoseok "

အချိန်အတော်ကြာမှ တအင်းအင်းနှင့် လှုပ်လာသည်။

မျက်လုံးကို အတင်းဖွင့်ကာကြည့်တော့ သူ့ရှေ့မှ Taehyung ကိုမပီဝိုးတဝါးမြင်နေရသည်။
ဖွင့်နေပါသော်လည်း လေးလံနေသော သူ့မျက်ခွံတွေကြောင့် မျက်လုံးပြန်မှိတ်လိုက်သည်။
အေးစိမ့်စိမ့်ခံစားချက်ကြောင့် စောင်ကိုဆွဲခြုံလိုက်သည်။

"အင်းး  ဟင်းး ဟင်းး"

နှုတ်မှခပ်ဖွဖွညည်းရင်း စောင်ခြုံလိုက်ပုံထောက် အအေးမိပြီးဖျားချင်နေတာလား။

"Hoseok ထလေ မိုးချုပ်သွားမှ အိပ် အခုချိန်အိပ်လို့မကောင်းဘူး ထ ထ"

"ဟင်းး ငါမထချင်သေးဘူး"

"Hoseok Hoseok "

ပြန်အိပ်ပျော်သွားသည့်ပုံပင်။ အခုလည်း ဖျားနေပြီမို့ ခေါ်မနှိုးတော့ဘဲ ရေနွေးကျိုကာ ရေနွေးနွေးလေးနှင့် အဖျားကျအောင် မျက်နှာနှင့် လည်ပင်းကို ရေပတ်တိုက်ပေးလိုက်သည်။
ခေါင်းကနေချွေးတွေထွက်နေပါလား။ ချွေးတွေကြောင့် ဆံပင်တွေကစေးကပ်ကပ်ဖြစ်နေသည်။
ဆံပင်တွေကို သေချာဖယ်ပေးကာ ချွေးတွေကို သုတ်ပေးလိုက်သည်။ လက်ကိုတိုက်ပေးရန် စောင်ကိုခါးလောက်ထိဆွဲချတော့ ပြန်ဆွဲတင်လိုက်သော အနှီလူသားကြောင့် လက်တစ်ဖက်စီထုတ်ကာ ရေပတ်တိုက်ပေးတော့ လက်တွေက ချွေးတွေချွဲနစ်လျှက်။ စောင်သေချာခြုံပေးကာ ကုတင်ပေါ်မှထရန်ပြင်တော့ သူ့ခါးကို သိုင်းဖက်ကာ သူ့ပေါင်ပေါ် ခေါင်းတင်လာသည်။

"အင်းး ဟင်းး အမေ သားအရမ်းချမ်းတာပဲ သားဘေးနားက ဘယ်မှမသွားဘဲ သားကိုဖက်ထားပေးပါနော်"

Sad song  (Z+U)Where stories live. Discover now