Part 33

11.1K 1K 59
                                    

Unicode
Zawgyi

ပြေသုအရဲစွန့်ကာ သူ့ရဲ့အမေကိုဆန့်ကျင်ပြီး သက်အောင်နောက်ကိုလိုက်ခဲ့၏။ကိုယ့်ထက် အလွန်ငယ်သော ကောင်လေးနောက်ကို ခိုးရာလိုက်ပြေးရတာ အနည်းငယ်တော့ ကို့ရို့ကားယားနိုင်သည်လှသည်။သို့သော် သူစပိန်လိုက်ရမယ့်အစား ချစ်သူနဲ့ခိုးရာလိုက်ပြေးတာက သူ့ဘဝအတွက်ပျော်ရွှင်ရမည်ဟုယုံကြည်နေမိ၏။

" ကောင်လေး ခေါင်းမူးတယ်"

သက်အောင် ကိုကို့ကို သူ့ရွာသို့ခိုးပြေးလာခြင်းပင်။သူတို့ရွာကိုရောက်ဖို့ဆိုလျှင် ပုသိမ်ကနေရွာကို နောက်တစ်ဆင့် သင်္ဘောထပ်စီးရသေးသည်။သင်္ဘောမစီးဖူးသော ကိုကိုကတော့ လှိုင်းမူးကာ သူ့ပုခုံးပေါ် သို့ခေါင်းလေးမှေးတင်ထားလေသည်။

" ကိုကို မျက်လုံးလေးမှေးပြီး အိပ်လိုက်နော်....ရွာရောက်ရင် ကျွန်တော်နှိုးမယ်"

" အင်း"

ရွာတစ်ရွာရောက်တိုင်း လူဆင်းလူတက်များသလို ကုန်တင်ကုန်ချသောအသံများကြောင့် ပြေသု ကောင်းကောင်းလည်းအိပ်မပျော်ပါ။သို့သော် သူမျက်လုံးတွေကိုတော့ မှေးစက်ကာနေလိုက်သည်။

တစ်ကမ်းဝင်၊တစ်ကမ်းကပ်နှင့် နောက်ဆုံးတော့ ​သက်အောင်တို့ရွာသို့သင်္ဘောကစိုက်ရောက်လာခဲ့လေသည်။နေ့လည်သင်္ဘောဖြင့်မဟုတ်ဘဲ ညသင်္ဘောဖြင့်လိုက်လာသောကြောင့် လူတော့အနည်းငယ်ရှင်းလေသည်။သင်္ဘောဆိပ်မှအဆင်းတွင် သက်အောင်သည် ကိုကို့ကို ရေထဲချော်ကျမှာဆိုးသောကြောင့် လက်ကနေအသာအယာကိုင်ရင်းကုန်းပေါ်သို့တက်စေလိုက်သည်။အခြားသူများကတော့ သူတို့ကိုကြည့်နေကြလေသည်။တစ်ချို့ကလည်း သက်အောင်ကိုအလည်ပြန်လာတာလားဟုမေးကြလေသည်။အားလုံးကိုခေါင်းငြိမ့်ပြကာ အိမ်သို့လမ်းလျှောက်လာခဲ့လိုက်ကြသည်။အိမ်နှင့်ကမ်းနားသည် ငါးမိနစ်လောက်သာ လမ်းလျှောက်ရသည်မို့အထူးအထွေလည်းဘာမှပြောမနေဘဲ ကိုကို့လက်ကိုတွဲကာသာ ခေါ်လာလိုက်သည်။

ဒေါက် ! ဒေါက် !

" အငယ်မ ! အငယ်မ !....အမေ ! အမေ !"

အိမ်ရှေ့တံခါးမှ အထဲက အိပ်မောကျနေသော အမေတို့ကို သက်အောင် တံခါးခေါက်၍ နှိုးလိုက်သည်။သူတို့ရွာက အိမ်များသည် ခြံစည်းရိုးများမရှိသောကြောင့် အိမ်ရှေ့တံခါးမကြီးကိုခေါက်၍နှိုးရုံဖြင့် အဆင်ပြေလေသည်။မကြာမှီ တံခါးအားဖွင့်လာကာ မျက်လုံးတွေက အိပ်မှုန်စုံမွှားဖြစ်နေသော အဖေနှင့် အမေ့ကိုတွေ့ရလေ၏။

ချစ်သောရိုင်း/ချစ်သောရိုင်း ( Complete )Where stories live. Discover now