Unicode
Zawgyiမိန်ရှင်းနှင့်သံသာသည် ခေါင်ရိုင်းတို့ထိုင်နေရာနားသို့ရောက်လာခဲ့၏။ဝဏ္ဏနှင့်ကျော်ဇောကတော့အနောက်ကလိုက်လာမည်ဟုဆိုလေသည်။
" ပြေသု"
" မိန်ရှင်း၊သံသာ ! လာလေ"
မြူးမြူးကြွကြွသီချင်းသံနှင့်အတူ ကနေသောသူများလည်း ကနေကြသလို ဘားတွင်အရက်သောက်နေသူများကလည်းသောက်နေကြ၏။ပွတ်သီးပွတ်သပ်လုပ်နေကြသောမြင်ကွင်းများကိုရှောင်ဖယ်ကာ ခေါင်ရိုင်းကတော့ဘီယာကိုသာသောက်နေလေသည်။ပြေသုကတော့ ဘီယာသောက်နေသော ခေါင်ရိုင်း ကိုသာဘေးကကြည့်လိုက်စကားပြောလိုက်ဖြင့်လုပ်နေ၏။
" အင်း....Happy Birthday ပြေသု။ငါတို့မတွေ့ဖြစ်တာတောင်ကြာပြီနော်"
" အင်း"
ပြေသုအနားတွင်ဝင်ထိုင်ရင်း မိန်ရှင်းကဆိုလိုက်သည်။သံသာကလည်း ခေါင်ရိုင်းနားတွင်ထိုင်လိုက်သည်။ ခဏကြာတော့ ကျော်ဇောတို့လည်းရောက်လာကြ၏။ပြေသုနှင့်အခြားသူငယ်ချင်းများစကားပြောနေကြသော်လည်း ခေါင်ရိုင်းကတော့ တိတ်ဆိတ်လျှက်သာ။
" ရိုင်း ဘာဖြစ်နေတာလဲ ပြေသု"
ကျော်ဇောက ပြေသုနားနားသို့ကပ်ကာ တိုးတိုးလေးမေး၏။သီချင်းသံများနှင့်ဆူညံနေသောကြောင့် အခြားသူများကတော့ ဘာမေးနေမှန်းသေချာမသိကြပေ။
" ဒီတိုင်းသူစိတ်ညစ်စရာလေးရှိနေလို့ လွှတ်ထားလိုက်"
" အော်"
" ငါသွားကလိုက်ဦးမယ်"
ဝဏနှင့်သံသာကပြောရင်း ကခုန်နေကြသော နေရာသို့ထွက်ခဲ့လိုက်သည်။ကလပ်သို့လာ လျှင်ကရမှကျေနပ်သော နှစ်ယောက်ကို ကျော်ဇောနှင့်မိန်ရှင်းကတော့လွှတ်သာထားလိုက်၏။သူတို့ကတော့ပြေသုနှင့်သာစကားပြောကျန်ခဲ့လိုက်သည်။
" ငါပြန်တော့မယ်။ပြေသုငါ့ကားထားခဲ့မယ်နော်။အိမ်ပြန်ရင်ယူသွားလိုက်။မနက်ဖြန်ကျမှ မင်းကားကို ငါဆေးရုံကိုယူလာခဲ့ပေးမယ်"
" နေဦးလေ....ပြန်တော့မလို့လား"
သူမတို့ကိုတောင်စကားတစ်ခွန်းမှမပြောသော ခေါင်ရိုင်းသည် ခုလည်းရောက်တာဖြင့်ဘယ်လောက် မှမကြာသေး ပြန်တော့မယ်တဲ့လေ။ထိုင်နေရာမှထရင်းပြန်ရန်ပြင်နေသောခေါင်ရိုင်းရဲ့လက်ကို ပြေသုအလျှင်အမြန်ဆွဲလိုက်ရင်းမေးမိ၏။
YOU ARE READING
ချစ်သောရိုင်း/ချစ်သောရိုင်း ( Complete )
General Fictionမင်းရဲ့အချစ်တွေက ငါ့အတွက်အပေါစားဆန်တယ်တဲ့လား။ မင်းရဲ့အချစ်တွေက ငါ့အတွက်အပေါစားဆန်တယ်တဲ့လား။ Start - 8.12.2020 End - 10.1.2021