Unicodeလင်းထွန်းတစ်ယောက် သူဌေးခိုင်းသော ကိစ္စအားလုပ်ရန်ပျာယာခက်နေ၏။အလုပ်ကြော်ငြာစာတစ်ခုကိုအမြန်ရိုက်ကာ အစ်ကိုလေးနောက်သို့လိုက်ခိုင်းထားသူထံမေးလ်ဖြင့်ပို့ပေးလိုက်၏။မေးလ်ရောက်ပြီးသည်နှင့်အနီးအနားရှိဆိုင်တစ်ဆိုင်တွင်ထုတ်ခိုင်းလိုက်သည်။ထိုကြော်ငြာစာအား အစောင်ရေများများလေးထုတ်ပြီးသည်နှင့် အစ်ကိုလေးနားသွားကာ အလုပ်ခေါ်နေကြောင်း၊လက်ကမ်းစာစောင်ဝေနေကြောင်းပြောခိုင်းရ၏။အလုပ်ကိုပိပိရိရိရှိစေရန်လည်းပြောထားရသေးသည်။
" ဒီကညီလေး....အလုပ်ရှာနေတာလား"
" ဗျာ...."
ချစ်သော သူ့ရှေ့တည့်တည့်တွင် ကိုယ်ထည်တောင့်တောင့်တင်းတင်းဖြင့်လူတစ်ဦးသည်သူ့အားလာမေးသောကြောင့် ချစ်သောအံ့ဩနေမိ၏။ဒီလူ ငါ့ကိုတစ်ခုခုလုပ်ချင်လို့များလားဟူ၍လည်းတွေးမိသည်။ခုခေတ်က ယောက်ကျ်ားလေးပဲဖြစ်ဖြစ်၊မိန်းကလေးပဲဖြစ်ဖြစ် တစိယောက်တည်းရှိနေချိန်ဟာ အန္တရာယ်များလှသည်မဟုတ်ပါလား။
" အာ...တစ်မျိုးမထင်ပါနဲ့...အစ်ကိုက အလုပ်ခေါ်စာလေးပေးချင်လို့ပါ။ညီလေးက အလုပ်ရှာနေတာဆိုရင် ဒါလေးယူသွားပါလား"
လက်ကမ်းစာစောင်အများကြီးထဲမှ တစ်ခုကိုသူ့အားကမ်းပေးလာသောကြောင့် မယုံရဲယုံရဲဖြင့် ချစ်သောယူလိုက်သည်။ဒီခေတ်ကြီးက လူလိမ်တွေပေါသောကြောင့် သိပ်ယုံလို့တော့မရပေ။ကြော်ငြာစာထဲကခေါ်ထားသော ရာထူးကြောင့် ချစ်သောမျက်လုံးလေးဟာ စိတ်ပျက်အားလျော့သွားရသည်။
" သူက လက်ထောက်မန်နေဂျာကြီးခေါ်ထားတာ ကျွန်တော်နဲ့ဘယ်လိုလုပ်အဆင်ပြေမှာလဲ...ကျွန်တော်က အခုမှ အသက်နှစ်ဆယ်ဝန်းကျင်ပဲရှိသေးတာကို"
အလုပ်ခေါ်စာတွင်တော့....အသတ် ၂၀ နှင့်၂၀ အထက်ရှိသော အလုပ်သင်လက်ထောက်မန်နေဂျာ အလိုရှိသည်လို့ရေးထား၏။သို့သော် ဒါကနည်းနည်းတစ်မျိုးဖြစ်နေသလိုခံစားရသည်။ချစ်သောကြော်ငြာစာကိုကြည့်ကာ ဟုတ်ရောဟုတ်ရဲ့ လားဟုပင်တွေးမိ၏။
" အဲ့Companyကလူငယ်တွေကို မြေတောင်မြှောက်ပေးတာညီလေးရဲ့။ ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိဘူးလား၊း။ဒီခေတ်လူငယ်တွေက ကြိုးစားချင်စိတ်ဘာလို့များနည်းရပါလိမ့်"
YOU ARE READING
ချစ်သောရိုင်း/ချစ်သောရိုင်း ( Complete )
General Fictionမင်းရဲ့အချစ်တွေက ငါ့အတွက်အပေါစားဆန်တယ်တဲ့လား။ မင်းရဲ့အချစ်တွေက ငါ့အတွက်အပေါစားဆန်တယ်တဲ့လား။ Start - 8.12.2020 End - 10.1.2021