Unicode
Zawgyiခေါင်ရိုင်းတို့ သက်အောင်တို့ဆိုင်ရောက်တော့ လူစုံနေပြီဖြစ်သည်။ဆိုင်သည် နှစ်ဆိုင်တွဲထားသောကြောင့် တစ်ဖက်တွင် အိမ်သုံးပစ္စည်းများဖြစ်ပြီး၊နောက်တစ်ဖက်တွင်တော့ ဆောက်လုပ်ရေးပရိဘောဂပစ္စည်းများရှိလေသည်။ဆိုင်၏ ခေါင်မိုးထပ်တွင်တော့ ဥယျာဉ်အသေးစားသဘောမျိုးနှင့်ပါတီလုပ်ရန်အတွက် ပြင်ဆင်ထား၏။
" မင်းတို့ကိုစောင့်နေတာ ဘာတွေလုပ်နေကြတာလဲ"
" ဒီလိုပဲ ကိစ္စလေးပေါ်လာလို့"
ပြေသုရဲ့အမေးကို ခေါင်ရိုင်းကဖြေလိုက်ခြင်းပင်။အခြားသူများကတော့ စကားပြောနေကြလေသည်။နီညိုရောင်ဝတ်စုံဆင်တူနှင့်ချစ်သောလေးသည်ခေါင်ရိုင်းမျက်လုံးထဲ အတော်လေးကြည့်၍့ကောင်းလှ၏။
" ကဲ....သက်အောင်ရဲ့လုပ်ငန်းအောင်မြင်ပါစေကွာ"
ချီးယား...!!!!!
ထိပ်ထားကတော့ တေဇနားတွင်ကပ်ထိုင်ရင်းဝိုင်ကိုအရသာခံကာသောက်နေလေသည်။အိမ်ကတားမရသောထိပ်ထားသည် မကြာခင် တေဇနှင့်လက်ထပ်တော့မည်ဖြစ်၏။အဖေဖြစ်သူက နိုင်ငံရေးသမားမို့ ငြင်းနေသော်လည်း အမေဖြစ်သူကတော့ သမီးစိတ်ချမ်းသာရင်ပြီးရောဟုဆိုကာ လက်ခံပေးလိုက်ပြီဖြစ်သည်။သောက်လိုက်စားလိုက်နှင့် ချစ်သောလေးကတော့ မူးနေပြီဖြစ်သည်။ဖြူဖွေးနေသော မျက်နှာလေးကရဲ တောက်လာကာ အနီလုံးလေးဖြစ်နေသည်။
" ယောက်ျား ထပ်ထည့်ပေး"
မျက်လုံးတွေက မှေးစင်းကာ ဝိုင်ခွက်ကို မြှောက်ပေးလာရင်း ထပ်တောင်းနေသော ချစ်သောကြောင့် ခေါင်ရိုင်း တားယူရ၏။
" တော်ပြီလေ ကလေးလေးရဲ့ အရမ်းမူးနေပြီမလား"
" ဟင့်အင်း မမူးပါဘူး ယောက်ျားရဲ့...ထည့်ပေးပါဆို ဟင့် ! ..."
အသံကပိုကျယ်လာကာ ငိုမလိုဖြစ်လာသောကြောင့် ခေါင်ရိုင်း ဝိုင်အနည်းငယ်ကိုထည့်ပေးလိုက်ရသည်။ ထိုအခါမှမျက်နှာလေးကပြုံးသွားကာ နည်းနည်းချင်းစီသောက်နေလေ၏။သေချာတာက ဒီတစ်ခွက် ကုန်ရင်တော့ သူ့ကလေးလေး အမှန်တကယ် မူးပြီးအိပ်ပျော်တော့မည်ဆိုတာပင်။
ESTÁS LEYENDO
ချစ်သောရိုင်း/ချစ်သောရိုင်း ( Complete )
Ficción Generalမင်းရဲ့အချစ်တွေက ငါ့အတွက်အပေါစားဆန်တယ်တဲ့လား။ မင်းရဲ့အချစ်တွေက ငါ့အတွက်အပေါစားဆန်တယ်တဲ့လား။ Start - 8.12.2020 End - 10.1.2021