Part 27

12.4K 1.1K 79
                                    

Unicode

        ခေါင်ရိုင်း သူ့မျက်နှာအား Mask တပ်ရင်းချစ်သောဆီသို့ထွက်လာခဲ့လိုက်သည်။အရင်လိုချစ်သောက သူ့ကိုမကြောက်တော့ဘူးဆိုပေမယ့်လည်းနှစ်ယောက်တည်းရှိချိန်ဆိုခန္ဓာကိုယ်လေးက အနည်းငယ်တုန်ယင်နေတာတွေ့ရသေးသောကြောင့်သူ့မျက်နှာအလုံးစုံကိုသိပ်မပြရဲသေးပေ။

" အင်း...ရုပ်ချောလွန်းနေလည်း ချစ်ရသူက ကိုယ့်ကိုကြောက်နေတော့ဖုန်းအုပ်နေရတာပါပဲ။အချစ်ဒုက္ခက တစ်ကယ်မလွယ်ပါလား"

     လင်းထွန်းကတော့ ခေါင်းခါခါလည်ခါခါဖြင့်သာကားကိုဂရုတစိုက်မောင်းနေရသည်။ အမေတစ်ယောက်သာရှိသောလင်းထွန်သည် ပြင်ဦးလွင်မှတက်လာကာရန်ကုန်ရှိအဒေါ်များဖြင့်နေရင်းအလုပ်လုပ်နေခြင်းပင်။ခုတော့သူဌေးအိမ်မှာလိုက်နေရသောကြောင့် သူ့အတွက်ပိုအဆင်ပြေလေသည်။

"လင်းထွန်း...မင်း ဟိုကလေးမနဲ့တကယ်တွဲနေတာလား"

"သူဌေးကလည်း တွဲပါတယ်ဆိုမှတကယ်မတွဲလို့ အပျော်တွဲရမလားဗျ"

"မယုံနိုင်လို့လေ...ဟိုကလေးမက အရင်ဖွင့်ပြောတာမလား"

"အဟွတ် ! အဟွတ် !..ပေါက်ကရတွေကျွန်တော်ကဖွင့်ပြောတာပါဗျသူဌေးကလည်း"

"ဟုတ်လို့လား သိပ်တော့ယုံချင်စရာမကောင်းဘူး"

       တရားခံကြည့် ကြည့်နေသောသူဌေးကြောင့်လင်းထွန်းမသိချင်ယောင်ဆောင်ကာ ကားကိုသာဂရုစိုက်မောင်းလိုက်သည်။တကယ်ပဲသူ့ပုံစံကလည်းမိန်းကလေးဘက်ကစပြောမှရည်းစားရတော့သည့်ပုံစံဖြစ်နေခဲ့သည်လေ။ရှက်စရာတော့အတော်ကောင်းသား။

................၊

" နာနေသေးလား ရင်ဘက်က"

"အင်း နည်းနည်းပဲနာတော့တယ်"

"တော်သေးတာပေါ့...ဟိုကတစ်ဆုံးသာထိုးလိုက်ရင်မတွေးရဲစရာပဲ"

"အေးလေ ငါလည်းတကယ်ထိုးမယ်မထင်ထားဘူး...လုပ်ရက်လိုက်တာ"

"မင်းကိုကရှည်တာ"

"လာပြန်ပြီ ဒီရှည်တာက သိရင်လည်းတိတ် တိတ်နေ"

"ဘာလဲ ငါက မင်းလေရှည်တာကိုပြောတာ"

ချစ်သောရိုင်း/ချစ်သောရိုင်း ( Complete )Donde viven las historias. Descúbrelo ahora