Part 14

16.9K 1.6K 114
                                    

Unicode


ခေါင်းမှာလည်း သွေးတွေကရဲရဲတောက်နေကာ မျက်လုံးတွေကမှေးစင်းကျနေ၏။အပြင်ကနေမီးသတ်ဆေးတွေဖြင့်ဖျန်းနေသော်လည်း မီးခိုးငွေ့တွေရှူမိထားသော ချစ်သောသည်အသတ်ရှူရခက်ခဲနေပုံပင်။ချစ်သောသည် သူ့အားပွေ့ချီထားသောကိုယ့်ကိုပင်မသိပေ။ခေါင်ရိုင်း၏အင်္ကျီလက်တစ်လျှောက်မီးလောင်ထားသဖြင့်အသားများကိုပါစွဲငြိနေလေသည်။ချစ်သောကိုပွေ့ချီရင်းကားအပြင်သို့ခေါင်ရိုင်းအမြန်ပြေးထွက်ခဲ့လိုက်သည်။

"ထွက်လာပြီဟေ့!အထဲက လူနှစ်ယောက် အရေးပေါ်ကားပေါ်အမြန်တင်ရမယ်ဟေ့"

ခေါင်ရိုင်းတို့ထွက်လာလာချင်း အရေးပေါ်ကားပေါ်အပြေးတက်ကာ ဆေးရုံသို့အမြန်ပို့ခိုင်းကြ၏။သွေးထွက်လွန်နေသောကြောင့်ကားပေါ်တွင်သွေးတိတ်ဆေးထိုးပြီးဆေးရုံသို့အမြန်ပြေးရသည်။အသက်ရှူရကြပ်နေသော ချစ်သောကို အောက်ဆီဂျင်ပါတပ်ပေးထားရသည်။ချစ်သောကိုကြည့်ပြီး ခေါင်ရိုင်းရင်တွေ အဆမတန်နာကျင်ရသည်။

"ဒီမှာ...ရှင့်လက်မောင်းကအရေခွံကအသားနီလန်နေပြီ ဆေးထည့် !"

"မလိုဘူး ! ဒီကောင်လေးကိုပဲလုပ်ပေး သူဘာမှဖြစ်လို့မရဘူး"

အရေးပေါ်ကားထဲရှိသူနာပြုလေးသည် ခေါင်ရိုင်း၏မာထန်နေသောအသံကြောင့် ချစ်သောကိုသာလိုအပ်သည်များအကုန်လုပ်ပေးလိုက်သည်။ခေါင်ရိုင်းသည် ချစ်သော၏လက်သေးသေးလေးအားဆုပ်ကိုင်ရင်း တောင်းပန်နေမိ၏။အခုသူ့ရင်ထဲ မီးစဖြင့်အထိုးခံရသလိုပူလောင်မှုကိုခံစားနေရသည်။ဒီကောင်လေးတစ်ခုခုဖြစ်သွားရင်ဆိုသောစိတ်သည် ခေါင်ရိုင်းအတွက်ငရဲကျနေသလိုခံစားရသည်။ချစ်သောသာ တစ်စုံတစ်ခုဖြစ်သွားပါက ခေါင်ရိုင်းကိုယ့်ကိုယ်ကိုခွင့်လွှတ်နိုင်မည်မဟုတ်ပေ။

"သူ့ကိုအသက်ရှင်အောင်လုပ်ပေး။တစ်ခုခုလွဲချော်သွားတာနဲ့ခများတို့ဆေးရုံကို ကျုပ်ကိုယ်တိုင်မီးရှို့ပစ်မယ်။

"ဟုတ် ဟုတ် စိတ်ချပါသူဌေး ကျွန်တော်တို့အကောင်းဆုံးကြိုးစားပါ့မယ်"

ချစ်သောရိုင်း/ချစ်သောရိုင်း ( Complete )Wo Geschichten leben. Entdecke jetzt