Part 22

14K 1.3K 63
                                    

Unicode
Zawgyi

ခေါင်ရိုင်း အလုပ်သို့ပြန်လာရင်း တစ်လမ်းလုံးစဉ်းစားလာခဲ့မိသည်။ထိပ်ထားစံဆိုသောမိန်းကလေးသည် ဒီအတိုင်း ချစ်သောကို ခဏတွေ့ချိန်ချစ်စရာကောင်းတယ်ဆိုပြီးနမ်းသွားတာလား ၊ ဒါမှမဟုတ်ဘယ် လိုသဘောမျိုးနဲ့နမ်းသွားတာလဲတွေးနေမိ၏။ချစ်စရာလေးမြင်လို့နမ်းတယ်ဆိုရင်တောင်ခွင့်မလွှတ်နိုင်။ချစ်သောဟာ ပေါပေါပဲပဲကောင်လေးတစ်ယောက်မဟုတ်။ကိုယ်ချစ်ရသူကို ပိုင်ဆိုးပိုင်နင်းလုပ်တာမျိုးကိုခေါင်ရိုင်းလက်မခံနိုင်။

" လင်းထွန်း...အဲ့ထိပ်ထားစံဆိုတဲ့မိန်းကလေးရဲ့အဖေအကြောင်းသေချာစုံစမ်းခိုင်းလိုက်။လက်ရှိသူ့ရဲ့ ရာထူးနဲ့အခြေအနေကို ဘယ်သူထောက်ခံပေးထားတာလဲ။သူတို့ဘယ်လိုအခြေအနေရှိလည်းဆိုတာရယ် သူ့သမီးရဲ့ကိစ္စတွေရယ်ကို အတွင်းကျကျသိရအောင်စုံစမ်းပေးလို့။ပိုက်ဆံဘယ်လောက်ကုန်ကုန်ရအောင်စုံစမ်းခိုင်းလိုက်"

" ဟုတ်ကဲ့ပါ သူဌေး"

" အင်း....ဒါနဲ့ ဟိုကလေးတွေအဆင်ပြေလား"

" ဟုတ် ပြေပါတယ်သူဌေး....ငယ်လည်းငယ်သေးတော့ သွက်သွက်လက်လက်လေးတွေပါပဲ"

" သူတို့ကငါ့အတွက် အထူးပုဂ္ဂိုလ်တွေနော်။လူမှုရေးတွေနဲ့အလုပ်ထဲမှာသူတို့ကို စိတ်မရှုပ်စေနဲ့"

" ဟုတ်"

ဒဏ်ရာရထားတုန်းကအလုပ်တွေမလုပ်ဖြစ်ခဲ့နာကြောင့် ခေါင်ရိုင်းအလုပ်တွေပုံနေရသည်။ခရီးသွားလုပ်ငန်းပရောဂျက်ကိုလည်းစတင်နေပြီမို့ ခေါင်ရိုင်းအလုပ်ထဲကိုလည်းအာရုံစိုက်ရပေဦးမည်။သို့သော် ဘယ်အရာ တွေဘယ်လိုအရေးကြီးကြီး ခုချိန်မှာတော့ သူ့အတွက်ချစ်သောကအရေးအကြီးဆုံးပင်ဖြစ်၏။

......................၊

" ဘာလဲ ဒီကလေးက"

" ချစ်ဖို့ကောင်းတယ်မလား"

" အင်း ရုပ်လေးကတော့အတော်ချစ်စရာလေးပဲ"

"ငါသူ့ကိုလိုချင်တယ်"

" ဘယ်လို"

ထိပ်ထားစံပြောလိုက်သော စကားကြောင့် သူမ၏သူငယ်ချင်းများက အံ့ဩတကြီးဖြစ်သွားကြ၏။အမြဲပြဿနာရှာတက်သော သူတို့၏သူငယ်ချင်းမသည် ခုရောဘာတွေလုပ်ချင်နေပြန်လဲ မစဉ်းစားတက်ပေ။

ချစ်သောရိုင်း/ချစ်သောရိုင်း ( Complete )Where stories live. Discover now