Unicode
"အမလေး ! "
မျက်လုံးဖွင့်ဖွင့်ချင်း 'သူ'အိပ်နေသောဘေးနားတွင်ထိုင်ရင်းခေါင်းချင်းဆိုင်ကာ ငုံ့ကြည့်နေကြသော သူငယ်ချင်းသုံးယောက်ကြောင့် ချစ်သောမောင်လန့်ကာထအော်လိုက်မိသည်အထိပင်။
"ဘာဖြစ်တာလဲ ငါတို့မျက်နှာက အဲ့လောက်ကြောက်စရာကောင်းနေလို့လား"
မျက်မှောင်ကျုံ့ကာ စူအောင့်အောင့်ပြောလာသောသက်အောင်ကြောင့် ချစ်သောမောင် သွားလေးချဲကာရယ်ပြလိုက်ရသည်။
"မဟုတ်ပါဘူးကွာ...မင်းတို့ကရော ဘာလို့ငါ့ကို ဝိုင်းကြည့်နေကြတာလဲ ငါလန့်သွားတာပေါ့"
"နင်ရင်ကွဲနာကျပြီး သေနေပြီလားလို့...ငါတို့ရောက်တာတောင် ၁နာရီကျော်လောက်ရှိနေပြီရယ်"
သီတာ၏စကားကြားမှ ချစ်သောသူ၏လက် မှနာရီကိုကြည့်လိုက်မိသည်။
"ဟိုက်...၉နာရီတောင်ကျော်နေပါပြီလား...ငါအလုပ်သွား..သွား...အာ...ငါ့မှာအလုပ်မှမရှိတော့တာ"
ခေါင်းလေးပြန်ငုံ့ကာ ညှိုးကျသွားသောချစ်သောမျက်နှာကြောင့် တေဇတို့လည်းစိတ် မကောင်းဖြစ်မိသည်။သူတို့အားလုံးချစ်သောကို ဂျိုင်းကနေဆွဲမြှောက်လိုက်ကာ....၊
"လင်းတမှိုင် မှိုင်မနေနဲ့ ရေသွားချိုး...မနက်စာစားဖို့မင်းကိုစောင့်နေတာ၊ဗိုက်ဆာနေပြီ ငစနူရဲ့...အသဲကွဲချင်နောက်မှကွဲ...သွား"
သုံးယောက်သား ပါးစပ်ကလည်း ပလွတ်ဆန်အောင်ပြောရင်း သူ့အားဂျိုင်းမှမြှောက်ကာရေချိုးခန်းထဲသို့ထိုးထည့်လေသည်။
"ဖြေးဖြေးလုပ်ကြပါဟ...အသဲကွဲတာ ဘာမှမဖြစ်ပဲ မင်းတို့လုပ်မှ ငါအရင်သေနေပါ့မယ်"
ချစ်သော အပြင်ကသုံးယောက်ကိုရေချိုးခန်းမှအော်ပြောပစ်လိုက်သည်။သူ့ကိုဆိုသိပ် ချစ်သောသူငယ်ချင်းတစ်စု သူ့တွင်ရှိနေခြင်းကလည်းဘုရားပေးသောဆုလာဘ်တစ်ခုပင်။
..................၊
ရေချိုးပြီးတာနှင့် ချစ်သော ထမင်းစားခန်း သို့ဝင်လာလိုက်သည်။ထမင်းစားခန်းတွင်လူစုံတက်စုံရှိနေသောကြောင့်ချစ်သော မျက်လုံးအစုံပြူးရပြန်၏။
ESTÁS LEYENDO
ချစ်သောရိုင်း/ချစ်သောရိုင်း ( Complete )
Ficción Generalမင်းရဲ့အချစ်တွေက ငါ့အတွက်အပေါစားဆန်တယ်တဲ့လား။ မင်းရဲ့အချစ်တွေက ငါ့အတွက်အပေါစားဆန်တယ်တဲ့လား။ Start - 8.12.2020 End - 10.1.2021