အပိုင်း - ၈ ​ယောက္ခမ​​

848 162 10
                                    

" ​ယောက္ခမ "

​​
​ယောက္ခမဆိုတာ ဘယ်လိုမျိုးလဲ
ကိုယ်တိုင်လည်း ​ယောက်ျားမယူဖူးတာမို့
​စေ့​စေ့ငင မသိပါ ။ ချစ်တတ်လျှင်
မိဘအရင်းကဲ့သို့ ပြစု​ကျွေး​မွေးရင်​တော့
အ​ကောင်းဆုံးပဲ မဟုတ်​ပေသလား ။

မြန်မာ့သီတင်းကျွတ်လပြည့်​နေ့တွင်
​ကောင်​လေးသည် ဂဏန်းကြီး၏ အိမ်အတွက်
ဆန်အိတ်ပို့ကာ ကန်​တော့​လေသည် ။
မိခင်ဖြစ်သူနှင့် ဖုန်း​ပြော​နေ​သော
ဂဏန်းကြီးအားလည်း " ဆန်​စား​ကောင်းရဲ့လား"
ဟု ​မေးခွန်း​မေးခိုင်းသည် ။
​ကောင်​လေးဝယ်​ပေးလိုက်သည့်ဆန်သည်
​​စျေးမြင့်သည် ဆန်အ​ကောင်းစားဖြစ်ပုံရ၏။

" စားလို့​ကောင်းတယ်ဆိုရင်
တန်​ဆောင်တိုင်ကျ ထပ်ပို့​ပြီးကန်​တော့မယ်​လေ"

ဟူ​သည့် ​ယောက္ခမအား ဖြည့်​ဆည်း​ပေးမှု
များလည်း ​တွေ့ရသည် ။

-,-

ပစ္စုပ္ပန်ကာလ . . .

​ကောင်​လေး​နေမ​ကောင်းသည်မှာ
ရက်ကြာ​နေသည်ဖြစ်ရာ ​မိခင်ဖြစ်သူက
ဤဇာတ်လမ်း၏ အခြုံဖြစ်​သော
​ဘေးအိမ်သို့ အစားအ​သောက် များဖြင့်
ကြွလာသည် ။

သားငယ်ကြိုက်တတ်သည်များချက်ပြုတ်
လာသည့်အပြင် အသားစိမ်းများပင်ဝယ်ခဲ့
​သေးသည် ။ ဟိုတစ်စဒီတစ်စဖြစ်​နေ​သော
အဝတ်များအားလည်း ​ကောက်သိမ်း​ပေး
​နေပုံရသည် ။

" ဒါဘယ်သူ့အကျီလဲ "

" အဲ့ဒါ ကို--အကျီ  . . ​မေကြီး "

" ​ညဘက်​တွေ​​ရော အိပ်​ပျော်ရဲ့လား ။
​ကော်ဖီ​တွေ​မ​သောက်နဲ့​နော် "

" အဲ့ဒါသား​သောက်တာ မဟုတ်ဘူး ။
ကို-- ​သောက်တာ "

" ​​မေကြီးက ည​နေ ၄နာရီ​လောက်မှပြန်မှာ "

" ​အဲ့ဒါ​ကောင်းတယ် ။ ကျွန်​တော် ဒီက
ထမင်း​ပေါင်းဝယ်​ကျွေးမယ် " ( ဂဏန်းကြီး )

​​ဘေးအိမ်မှာ ဂဏန်းညပ်​နေတယ် [ Unicode/Zawgyi ]Where stories live. Discover now