အပိုင်း ၄ - ​​နောက်​ယောင်ခံ ကံကြမာ ၁

957 167 7
                                        

​"​နောက်​ယောင်ခံ ကံကြမာ ၁ "

ဒီအပိုင်းကလည်း ကျုပ်ရဲ့ မဟာစွန့်စားခန်း
တစ်ခု​ပေမို့ အသိအမှတ်ပြု​ပေး​​စေချင်တယ် ။
ရုပ်မမြင်အသံကြား ကာလကြီးကို
ဖြတ်​ကျော်လာပြီးတဲ့​နောက် ရုပ်​လေး​တွေကို
မြင်ချင်စိတ်က​တော့ မယိုးမယွ ဖြစ်လာတယ် ။
တစ်​နေ့ မြင်ကို မြင်ရမယ်လို့​တောင် စိတ်ပိုင်းဖြတ်
လိုက်တဲ့ အထိပဲ။

အိမ်​ရှေ့ထွက် အိမ်​နောက်ဝင်နဲ့ ​စျေးသွားဖို့
ဟန်ပြင်​နေတဲ့ အသံကို ရုတ်တရက်ကြားလိုက်ရပြီး
ဂိမ်း​ဆော့​နေတဲ့ ကျုပ်က အလိုလို​နေရင်း
မတ်တပ်ထရပ်မိသွားတယ် ။
ဟုတ်တယ် အခွင့်အ​ရေးဆိုတာ နှစ်ခါမရဖူး ။
အရင်ကလည်း တိုက်​အောက်ဆင်းမယ် ဆိုတဲ့
အသံမျိုးကြားလို့ လိုက်ဆင်း​ပေမယ့် ဘယ်အရပ်ကို
သွားမှန်း ဖမ်းမမိဖူး ။ တအားလျင်တာ ။

ဒီတစ်​ခေါက်​တော့ ငါသာ အရင်​ရောက်​အောင်
​အောက်ဆင်းထားရင် ​တွေ့မှာပဲဆိုတဲ့ စိတ်နဲ့
အကျီတစ်ထည်​ကောက်လဲပြီး ပိုက်ဆံအိတ်​တောင်
မပါပဲ ​ပြေးဆင်းမိ​တော့တယ် ။

ဟား ဟား ။
တကယ်ကြီးကို အချိန်ကိုက် ။
ဂဏန်းကြီးဟာ အမှိုက်ထုပ်ကို ကိုင်ရင်း
ကျုပ်ရဲ့ တိုက်​ရှေ့က​နေ ဖြတ်သွားတယ် ။
အကြံအစည်နဲ့  ​သော့ခတ်​နေတဲ့ ကျုပ်ကို​တောင်
လည်ပြန် ကြည့်သွား​သေးတယ် ။ ကျုပ်လည်း
ခပ်တည်တည်နဲ့ ပြန်ကြည့်​ပေးလိုက်တယ် ။
သံသယ မဝင်​အောင်လို့ ။

တစ်​ယောက်တည်းကိုပဲ မြင်လိုက်ရ​တော့
စိတ်ဓါတ်နည်းနည်းကျသွားတယ် ။
ဂဏန်းကြီးကို ပြတင်း​ပေါက်က​နေဖြတ်သွားတိုင်း
မြင်​နေကြ​လေ ။ အလုပ်သွားတဲ့ ဟိုအ​ကောင်​ပေါက်
ကိုပဲ ဖြူလား မဲလား မသိတာ ။ တစ်ကယ်​တွေ့ချင်တာ
သူ​လေးကို ။

▪ ( သူများ​ယောက်ျား ပစ်မှားတာမဟုတ်ပါဖူး
မြင်ဖူးချင်ရုံ​လေးပါပဲ ) ▪

ကံကြမာဆိုတာလည်း အရင်ဘဝလုပ်ခဲ့တဲ့
ကုသိုလ်​လေး​တွေကို စုပြီး ​ရေစက်အဖြစ်
ဖန်တီး​ပေးလိုက်​လေလား ထင်မှတ်ရ​အောင်
​ကောင်ငယ်​လေးဟာ ​စျေးဆွဲခြင်း​တောင်း​လေး
ကိုင်ပြီး တိုက်က​နေ ထွက်လာ​လေ​တော့တယ် ။

​​ဘေးအိမ်မှာ ဂဏန်းညပ်​နေတယ် [ Unicode/Zawgyi ]Where stories live. Discover now