အပိုင်း ၅ - ​နောက်​ယောင်ခံ ကံကြမာ ၂

942 159 17
                                        

" ​နောက်​ယောင်ခံ ကံကြမာ ၂ "


​ကောင်​​လေးရဲ့ ပုံစံ​လေးဟာ
​​အသားက ကြည်လင် ၊ ဆံပင်​​တွေကို
ခပ်တိတိ ကိုက်ထားပြီး သပ်သပ်ရပ်ရပ်
ပြင်ဆင်ထား​သေးတယ် ။ အုန်းဆီလိမ်းပြီး
ချပ်လျက်​နေ​အောင် ဘီးနဲ့ ဖြီးထားတာမျိုး မဟုတ် ။
ပုခုံးအကျယ်က အ​နောက်ကကြည့်ရင်ကို
ကျယ်ပြန့်ပြီး ​ဖြောင့်​ဖြောင့်တန်းတန်း ။
အရပ်က ၅​ပေ ၉ ​ကျော် ။ နီညို​ရောင် ရှပ်အကျီကို
တံ​တောင်ထိ ​ခေါက်တင်ထားပြီး ပုဆိုးကြံရည်​ရောင်
ဝတ်ထားတယ် ။ လက်ထဲက ခြင်း​တောင်းက အနီ​ရောင်​လေး။ ​

▪ ( မှတ်မိလို့ လာမငြင်းနဲ့​နော် ။ ကျုပ်သ​ဘောကျတဲ့
အရာဆို အကုန်မှတ်မိတယ် ။ ) ▪

*** ၅လမ်းထဲကို ​နှစ်​ယောက်လုံး ချိုးဝင်သွားတယ်။
ဆက်တိုက်ကြီးက ​နောက်ကလိုက်​နေလို့ မ​ကောင်းတာ
​ကြောင့် ***၆လမ်းဘက်က​နေ အမြန်​လျှောက်မိတယ်။
လမ်းဆုံးရင် တို့​တွေ တစ်​စျေးတည်း ​ရောက်မှာပဲ​​လေ လို့
မှတ်ပြီး ​ပေါ့ ။ သူတို့က တအားလျင်တာက ​မေ့သွားတယ်။
​ခြေလှမ်းကြဲကြီး​တွေနဲ့ ​လျှောက်တာကိုး ။

​စျေးထဲမှာ ရှာမ​တွေ့​တော့ပါ ။
လက်ထဲက အမှိုက်ထုပ်ကို မြင်ထားတာ​ကြောင့်
​နောက်တစ်လှမ်း​ကျော်ထိ သွားပစ်တယ်လို့
ယုံပြီး ​စျေးထဲမှာ ဝယ်စရာမရှိပဲ ၆ ​ခါ​လောက်
ပတ်​လျှောက်ပြီး ​စောင့်​နေလိုက်တယ် ။
တစ်​စျေးလုံး မှာ မရှိ​တော့တာ ​သေချာတာ​ကြောင့်
ဒီ​စျေးထက် ပို​ဝေးတဲ့ ** ​စျေးကို သွားမှန်း
လက်ခံလိုက်ရတယ် ။

အခွင့်အ​ရေးဆိုတာ နှစ်ခါမရဖူး ။
အိမ်ပြန်လမ်းထိ ခဲဆွဲထားသလို​ခြေ​ထောက်က
ပြန်လာ​ပေမယ့် အ​လျော့မ​ပေးတဲ့ ဇွဲလုံ့လနဲ့
လာရာလမ်းအတိုင်း ​နောက်ပြန်​လျှောက်ခဲ့ပြန်တယ်။
သူတို့ ​စျေးက ပြန်လာမယ့် အချိန်ကို
မသိ​ပေမယ့် ​ယောင်လည်လည် ​လျှောက်​နေတာ
အ​တော်ကြာ ။

** ၅လမ်း နဲ့ **၆ လမ်းမှာ ​ယောင်လို့
ဝသွား​တော့ ** ၇လမ်းက​နေပဲ လှမ်းကြည့်ပြီး
​စောင့်​တော့မည် ဟုဆုံးဖြတ်လိုက်သည် ။
ကံကြမာ ဆိုတာလည်း ​ရေစက်ပါပဲ​လေ ။
​စျေးဆွဲခြင်း​တောင်း​လေး ဆွဲလို့ ​ဘေးချင်းကပ်
​လျှောက်လာသူ နှစ်​ယောက်နဲ့ တည့်တည့် ​တွေ့ခဲ့ပါသည်။

​​ဘေးအိမ်မှာ ဂဏန်းညပ်​နေတယ် [ Unicode/Zawgyi ]Where stories live. Discover now