အပိုင်း ၂ - လွဲ​နေတာပဲ

1.1K 182 6
                                        

" လွဲ​နေတာပဲ "

အထင်နဲ့ အမြင် တစ်ခြားစီဆိုတာ
အဲ့မှာ စကား​ပြောတာပဲ ။
စကားသံ​တွေ နဲ့တင် ​ယုန်ထင်​ကြောင်ထင်
​ဖြစ်​နေတာ ။

​ခေါင်းရင်းက မီးပလက်​ပေါက်ကို
လှမ်းဖွင့်ဖို့ဆို ကုတင်​ပေါ်တက်ရတယ်ကွာ ။
အဲ့ကျရင် မ​တော်တဆဖြစ်ဖြစ် တမင်ဖြစ်ဖြစ်
သူ့တို့ ပြတင်း​ပေါက်နား မျက်လုံးက ​ရောက်သွားရင်
ဂဏန်းတို့ အိမ်ရဲ့ ဧည့်ခန်းကို မြင်ရတယ် ။

မထင်မှတ်ပဲ စကားများ​​နေတာကို
မြင်လိုက်ရတယ် ။ ( မထင်မှတ်ပဲ​နော် . . . )

​ကောင်​လေးက မျက်မှန်တပ်ထားပြီး
ကွန်ပျူတာတစ်လုံးနဲ့ အလုပ်လုပ်​နေတယ် ။
ဂဏန်းကြီးက ​ကောင်​လေးရဲ့ ပိုက်ဆံအိတ်ထဲက​နေ
​ငွေအနည်းငယ် ယူ တယ် ။ ​ဒီမှာ တစ်ချက်​ပြောစရာ
ရှိတာက ​ကောင်ငယ်​လေးဟာ အရမ်း​ချွေတာသူ
ဖြစ်တယ် ။ သူ့ပိုက်ဆံအိတ်ထဲက ယူ​နေတာကို
​ကောင်​လေး မြင်ပြီး ထ​အော်​တယ် ။

" အဲ့လိုမလုပ်နဲ့​လေ မနက်ကလည်း
​ပေးထားတာကို ၊ ဒီပုံတိုင်းဆို မဖြစ်ဖူး
ကျွန်​​တော့်အိတ်ကို ဖွက်ထားရမယ်  "

​​ပြောရင်း ပိုက်ဆံအိတ်ကိုင်ကာ
သူတို့နှစ်​ယောက်ရဲ့ အိပ်ခန်းဆီ
​လျှောက်လာတယ် ။ အဲ့ဒီတုန်းက ကိုယ့်ကို
မြင်ပြီလား ဆိုပြီး ဘယ်​လောက် လန့်သွားလဲ
ခင်များတို့ သိမှာ​တော့ မဟုတ်ပါဖူး ။ ထားလိုက်ပါ​တော့ ။
ကိုယ် စွန့်စားထားခဲ့လို့ပဲ ဒီအ​ကြောင်း​တွေ ခင်များတို့
ပြန်သိတာ​ပေါ့ :3

​ကောင်​လေးဟာ ပိုက်ဆံအိတ်ကိုင်ရင်း
အိပ်ခန်းထဲမှာ သွားသိမ်း​နေတယ် ။
သူ့ရဲ့ ဂဏန်းကြီးက ​နောက်က​နေ ရယ်ရင်း
ပြုံးရင်း လိုက်လာတယ် ။ ဂဏန်းကြီးဟာ
" သွားတက်​လေးနဲ့ " ။


အထင်နဲ့ အမြင်လွဲပြီး
​ကောင်​ငယ်​လေးဟာ အလုပ်လုပ်​နေပြီး
ဂဏန်းကြီးက​တော့ အိမ်မှာကျန်ခဲ့သူဖြစ်တယ် ။
အိမ်မှာ ဝင်​ငွေဟူသည် ​ကောင်​လေးရဲ့ လစာသာ
ရှိတာ​ကြောင့်​ကောင်​လေးက တအားကပ်​စေးကုပ်
​နေရခြင်းဖြစ်တယ် ။

​​ဘေးအိမ်မှာ ဂဏန်းညပ်​နေတယ် [ Unicode/Zawgyi ]Where stories live. Discover now