အပိုင်း ၃ - ​တော်ကြပါ​တော့
1.1K 171 14
" ​တော်ကြပါ​တော့ "
တစ်ခုသိ​စေချင်တာက ဒီအပိုင်းကို
ရင်ဘတ်ကြီးနဲ့ ​ရေးထားတယ်ဆိုတာပဲ။
ခင်များတို့​တော့ ထင်မှာ​ပေါ့ ၊
အသံတိုက်ရိုက်ထုတ်လွှင့်မှုကြီးကို
ကြား​နေရတာ ကြည်နူးစရာ ၊ အူယားစရာ
​ကောင်းမှာပဲလို့ ။
မ​ကောင်းဖူး​တော့မဟုတ်ဖူး ​ကောင်းပါတယ် ။
စစချင်းတုန်းက​ပေါ့ ။ " ဦး " လို့​ခေါ်လိုက်ရင်ကို
ဒီက သကြားလုံး​လေး ငုံလိုက်ရသလို ​ပျော်ဝင်သွားတာ။
ဖတ်ဖူးတဲ့ စာအုပ်​တွေထဲမှာ အနည်းနဲ့ အများ​တော့
" ဦးနဲ့က​လေး " ပုံစံ​တွေရှိတာပဲ​လေ ။ ကျုပ်လည်း
ဖတ်ဖူးပါတယ် ။ ကိုယ့်နားနဲ့ အပြင်မှာ " ဦး . . ရယ် ၊
သား . . ရယ် " ဆိုပြီး နူးညံ့တဲ့ အသံ​လေး​တွေ​တော့
ဒါပထမဆုံး ကြားဖူးတာ​ပေါ့ဗျာ ။
ဒီ​နေရာမှာ အ​နေကြာလို့ သိလာရတာက
ည ၁၂နာရီ လို့​ခေါ်မလား သန်း​ခေါင်အချိန် ၁၂နာရီမှာ
ဂဏန်းကြီးက ဘုရားရှိခိုးတတ်တယ် ။ ​ကောင်​လေးက
အိပ်ယာဝင်​စောတယ် ။ ပြသာနာက အဲ့မှာ စတာပဲ ။
၁၀ နာရီခွဲ နဲ့ ၁၁နာရီ ​လောက်ဆို
ကလု ကလူ ကလူး ​နေကြတာ ကြားရတဲ့သူက
နားပိတ်ထားရတဲ့အထိပါပဲ ။ မှတ်မိသ​လောက်ဆို
​ကောင်ငယ်​လေးကမအိပ်ခင် ​ဖေ့ဘုတ် သုံးရင်
တရုတ် က ​ရှောင်​ကော​ကော ဗီဒီယို​တွေ ကြည့်​နေတာ ။
ဒါကို ​ဂျေကိုက်တယ် ထင်ပ . . . ။
ဂဏန်းကြီးက တိုးတိုးသာသာ နဲ့ ​ကောင်​လေးကို
ညပ်​တာပဲ ။ ဘာကိုညပ်လဲ ကျုပ်လည်း မသိဖူး ။
ဂဏန်းညပ်တာ လူမသိဖူး ။ မိ​အေး​အော်တာပဲ
လူသိတယ်ဆိုတာ . . . "သူများ အိပ်မလို့ကို
လာရွ ​နေတယ် " ဆိုတာက​နေ နားလည်သွားတာပဲ။
ရယ်သံ​တွေ ခိုးခိုး ခစ်ခစ် ဆိုတာလည်း တိတ်ဆိတ်
​နေတဲ့ တိုက်နံရံကို လာရိုက်ခတ်​နေတာ​ပေါ့ ။
ပြီး​တော့ ဘာလုပ်လိုက်လည်း မသိပါဖူး ။
" အား! ... မုတ်ဆိတ်​မွှေး​တွေနဲ့ . . ."
ဆိုတဲ့အသံထွက်လာတယ် ။
ခင်များတို့လည်း ဂျူနီယာ​လေး​တွေမှမဟုတ်ပဲ ။
ဒီ​လောက် ဆို ဘာလည်း ​ပေါက်မှာ​ပေါ့ ။
ကျုပ်မှာ ညဖက် အိပ်မ​ပျော်တဲ့အကျင့်ကရှိတဲ့
အပြင် အသံ​လေးကြားတာနဲ့ နိုးတတ်လွန်းလို့
ဂဏန်းညပ်​နေပြီဆိုရင် လန့်နိုး​တော့တာပဲ ။
ကျုပ်လည်း " ​တော်ကြပါ​တော့ " ပဲ​ပြောနိုင်​တော့တယ်။
▪ Zawgyi ▪
ကောင်းမှာပဲလို့ ။
အိပ်ယာဝင်​စောတယ် ။ ပြသာနာက အဲ့မှာ စတာပဲ ။
ဂဏန်းညပ်တာ လူမသိဖူး ။ မိ​အေး​အော်တာပဲ
ဆိုတဲ့အသံထွက်လာတယ် ။
ပြောနိုင်​တော့တယ်။
​​ဘေးအိမ်မှာ ဂဏန်းညပ်​နေတယ် [ Unicode/Zawgyi ]Where stories live. Discover now