" ဝဋ်ကြွေး "
ပြီးခဲ့သည့် အပတ် ဗုဒ္ဓဟူးနေ့
အခြေအနေကို ဖော်ပြပါမည် ။
ကောင်လေး နေမကောင်းလို့ ဆေးရုံကြီး
သွားကြပါတယ် ။ တစ်နေကုန် အိမ်မှာ မရှိပါ ။
နားလေးကို အေးးးးလို့ . . .
အစာအိမ်နာနေတာမို့ ဆရာဝန်က
ဆေး ၅ ရက်စာပေးပြီး နားနေဖို့
မှာလိုက်သည် ။ ဆေးရုံကြီးကိုသွားတာမို့
လူနာအထိအတွေ့ကို ကြောက်ပြီး အလုပ်က
ကောင်လေးကို အနားပေးထားပုံရသည် ။
လာမယ့် အပတ် မှ ရုံးပြန်တက်ရမှာဖြစ်၏ ။
ပြသာနာက အဲ့မှာစပါတယ် ။ [ :-) ]
နေလေးကလည်းမကောင်းတော့
သူ့လူကြီးကို ကလေးများလို ချွဲပါတယ် ။
တော်တော်ချွဲပါတယ် ။ ထင်ထားတာထက်
အများကြီးချွဲပါတယ် ။ ကြက်ဥလေးများ ကြော်ခိုင်းရင်
အီစိမ့်ပက်လက်လန်တဲ့ အသံလေးနှောပြီး
ခိုင်းတာ . . .
" ဦးလေးး . . . သားကို မနက်ဖြန် ငါးကြော်ပေး "
" ကြော်မနေတော့ဖူး စားခါနီးမှ
ရှိတာ လုပ်စားရအောင်လေ . . . "
" ဘာလဲ ! . . . အဲ့ဒါဆို မကြော်ပေးဖူးလား "
" . . . "
" ရပါတယ် ဦးလေးရယ် . . မကြော်ပေးလည်း
သား ဟာ သား ကြက်ဥလေးကြော်စားပါမယ် " ( ချွဲပျစ်သော အသံ tone ဖြင့် )
" . . . "
" ရတယ်လေ . . .သားဟာသား KFC
သွားစားပါ့မယ် "
[စာရေးသူ : ခွီး သောက်ခွက်ပြောင်ချက် ]
" ဦးလေး ဗိုက်က ဖောင်းနေတာပဲ ဟား ဟား "
" ဦးလေး . . . ခေါင်းကဘာတွေလိမ်းထားတာတုန်း "
" ဦးလေး . . အ . . အဲ့လိုအကြမ်းကြီး
သားမကြိုက်ဖူးနော် . . "
" ဦးလေး . . .ဟီးဟီး "
" ဦးလေး . . .သားကိုလေ . . . "
YOU ARE READING
ဘေးအိမ်မှာ ဂဏန်းညပ်နေတယ် [ Unicode/Zawgyi ]
Não Ficçãoဘုရားစူး ရာနှုန်းပြည့် ဖြစ်ရပ်မှန် ။
![ဘေးအိမ်မှာ ဂဏန်းညပ်နေတယ် [ Unicode/Zawgyi ]](https://img.wattpad.com/cover/251212220-64-k887092.jpg)