" အလွမ်းဖြေ "
ဇန်နဝါရီလ ၃ ရက်နေ့
အချစ်ပျောက်ဆုံးသွားပြီး
ဇန်နဝါရီ ၁၉ ရက်နေ့ နေ့ခင်းပိုင်းမှာ
အချစ်ငှက်လေးတွေပြန်လာပြီး အိမ်လေးဟာ
အသက်ဝင်လာခဲ့သည် ။ကောင်လေးပြန်လာတာ ကျုပ်မသိမှာများ
စိုးနေလားမသိပါ ။ ပြတင်းတံခါးတွေဖွင့်ကာ
တစ်အိမ်လုံးလည်း လင်းထင်းနေလို့နေပြီး
အရင်တိတ်ဆိတ်နေတဲ့ အိမ်ခန်းလေးထဲမှာ
အသံလေးတွေ လွင့်လာတော့၏ ။၂၀ရက်နေ့ မနက်အစောပိုင်းတွင်
ကြားနေကြ alarm သံကြောင့်နိုးလာသည်။
ဘာအလုပ်မှမရှိသော ကျုပ်သည်Alarm မပေးတတ်။
စဥ်းစားစရာပင်မလို ဘေးအိမ်က Alarmသံ
ကြောင့် နိုးလာရခြင်းဖြစ်သည် ။ ခြေသံများ ၊
ရေချိုးခန်းဝင်၍ ရေချိုးနေသံများကြောင့်
အိပ်မရသည့်အဆုံး ထလိုက်ရသည် ။ပြတင်းတံခါးကို မော့ကြည့်တတ်သည့်
အကျင့်ရနေသောကြောင့် ညအိပ်ထားသော
ဝတ်စုံအား လဲနေရင်း ကြည့်နေလိုက်မိသည် ။
ပုဝါတစ်ထည်ကိုယ်ပေါ်ပတ်လို့ ပြတင်းအရှေ့မှ
ဖြတ်သွားသည် ။ ရေချိုးခန်းမှာလည်း တစ်ယောက်က
ချိုးနေသေးသည် ။ ကောင်လေးပြန်ရောက်နေတာ
ရာနှုန်းပြည့်သေချာ ။ခွဲခွာရတာ ၁၇ ရက်ကြာလေတော့
ထမင်းဟင်းများလည်း အတူချက်၍
လက်စုံ စားချင်ဟန်ရှိသပ ။ အမယ်စုံချက်ပြုတ်
ကြော်လှော်ပေးနေသည့် ဂဏန်းအသံကလည်း
ပျော်မြူးနေဟန် ။ ဒီလို ချက်ပြုတ်ကျွေးမွေးသူမျိုး
ရှာပေဦးတော့ . ." ငါလို လူကို သွားရှာပြီးချစ်လိုက်ပါဦး "
" အမလေး သူ့လိုလူပဲရှာချစ်ရဦးမယ် နေစမ်းပါ "
" ရှာနိုင်ရင် ရှာကြည့်လိုက်လေ "
" ခင်များလိုလူတော့ ထပ်ရှာ ချစ်မနေတော့ဘူး "
လေထု တိတ်ဆိတ်သွား ။ကျုပ်မှာ ဘယ်ဘက်မျက်စိနာနေ၍
ဝေဒနာကို ခံစားရင်း သီချင်းနားထောင်နေ
ချိန်ဖြစ်သည်။

YOU ARE READING
ဘေးအိမ်မှာ ဂဏန်းညပ်နေတယ် [ Unicode/Zawgyi ]
Phi Hư Cấuဘုရားစူး ရာနှုန်းပြည့် ဖြစ်ရပ်မှန် ။