အပိုင်း - ၁၀ တရားနှင့်​ဖြေ၍

814 119 10
                                        

" တရားနှင့်​ဖြေ၍ "

[ဤအပိုင်းသည် ရင်ဖွင့်ချက်ဆိုလျှင်ပိုမှန်မည် ။
TMI လည်း အနည်းငယ်ပါမည် ။ ]

စာ​ရေးသူကျွန်ုပ်သည် အမြင်အာရုံ
မ​ကောင်းသည့်မျက်မှန်သမားဖြစ်သည် ။
အမြင်အာရုံ အားနည်း​လေ​တော့ အကြားအာရုံက
သူတကာထက် သာ​နေသည် ။ ချိုးချိုးချွတ်ချွတ်အသံ
ကြားသည်နှင့် သိသည်။ လွန်ခဲ့​သော သုံးလခန့်​လောက်ထိ
သိချင်စိတ်များဖြင့် ​နေ့​နေ့ညည နားများစွင့်ကာ
တစ်ကိုယ်တည်း သုံးသပ်ကာ ကြည်နူး​နေခဲ့သည်။

ညည့်နက်ပိုင်းကိုပင်​ကျော်လွန်၍
မနက် ၂ချက်တီးသည်ထိပင် အိပ်မ​ပျော်နိုင်
ဖြစ်ရသည် ။ အိမ်မ​ပျော်နိုင်သည့် အ​ကြောင်းအရာ
သည်လည်း ၎င်းတို့နှစ်​ယောက်၏စကား​ပြောသံများ
​ကြောင့်ပင်ဖြစ်သည် ။ စိတ်ဝင်စားစရာ​ကောင်း​သော
စကားများ ၊ ရှင်းလင်းစွာကြားရ​သောအချိန်များတွင်
မသိစိတ်က ထိန်းမရပဲ နားစွင့်​နေမိ​သော​ကြောင့်
အိပ်​ရေးများပျက်ကာ ဝက်ခြံများပင်ထွက်လာခဲ့သည်။

နှစ်ဦးလုံးသည်အ​နေအထိုင်သိုသိပ်သူများ
ဖြစ်သည် ။ ​တော်ရုံ အချိန်များဆိုလျှင် အိမ်မှာ
ရှိ​နေသည်ပင်မထင်ရ​လောက်​အောင် တိတ်ဆိတ်
​နေတတ်သည် ။ လူများအိပ်ချိန်ကျမှ အသံထွက်လာ
သည်ကများသည် ။ တည်​နေရာမှာ လမ်းမတန်းဖြစ်၍
ကားသံ လူသံများ​ကြောင့်လည်း ညပိုင်းလူတိတ်ချိန်
မှ အတိုင်းသားကြား​​နေရတတ်သည် ။

အနည်းငယ်ရင့်ကျက်လာချိန်တွင်​တော့
ထိုနှစ်ဦး စကားစမြည်​ပြော၍ အချစ်မစမ်းမှီ
အချိန်ကို ဦး​အောင် အိပ်လိုက်သည် ။ သို့​ပေမယ့်
ဝဋ်​ကြွေးများက ရှိ​လေ​တော့ ထိုရယ်​မော​နေသံများ
​ကြောင့် မနက် ၁ချက် တီး ၊ ၂ချက်တီး ချိန်များမှာလည်း
လန့်နိုးရ​သော ညများရှိသည် ။ စိတ်တိုတိုနှင့်လှမ်းကြည့်
လိုက်ရင်​တော့ အိပ်ခန်းမှာ မီးမလင်း​ပေ ။
ဤသည်ကို ဂဏန်းညပ်​နေသည် ဟု
ကျွန်ုပ်ကိုယ်တိုင်ပင် အရွဲ့တိုက်တိုင်စားခဲ့ခြင်းဖြစ်သည်။

​​ဘေးအိမ်မှာ ဂဏန်းညပ်​နေတယ် [ Unicode/Zawgyi ]Where stories live. Discover now