Extra 1
6.6K 732 128
သူ့ထံ သို့ တွယ်ငြ်ိခြင်း
အပိုင်း ပို (၁)
"ဆရာ အဲ့တာ ဆို ကျွန်တော့် ကို သွားခွင့်ပြုပါဦး"
ရာဟုသစ် မိမိကို အကြောင်းကြား လာသူ
တပည့်လေးအား တစ်ချက်မျှခေါင်းငြိမ့်ပြလိုက်ပြီး ကိုယ်တိုင် ကား တပည့်လေးထံမှ စာရွက်စာတမ်း များ ကို ယူကာ
တည်းခို ရာ အခန်းအတွင်း သို့ အသာဝင် ပြီးအခန်းတံခါးက်ို
အသာအယာပိတ်လိုက်မိသည် ။
စာရွက်ထိပ်ဆုံး မှ
မြင်လိုက်ရသော
Khat Thaw Ka
Lecture
Department of History
Bago University
ဟူသောစာတမ်းနှင့် ၎င်း၏
သက်ဆိုင် သူကို မြင် လိုက် ရသောအခါ ၌ကား ရာဟု ခန္ဓာက်ိုယ် တစ်ခုလုံး တောင့်ခနဲ ဖြစ်ကာ
အတွေးများ က သစ္စာမရှိစွာဖြင့်
လွန်ခဲ့သော သုံးရက်မှ
အဖြစ်အပျက်များဆီ တစ်ကျော့ပြန် အလည်သွားနေသဖြင့် အသာလေး ပြန်ခေါက်ယူရသေးသည် ။
လူ ၅ ယောက်ရှေ့တွင် တင်းတင်း ကြပ်ကြပ် ဖက်ခံ လိုက်ရလေခြင်း မှာ
နောက်ဆုံး အတော်လေး အနေခက်လာမှ လွှတ်သည် ။
သည်မျှသာမကသေး
ကျောင်းအုပ်ဆရာမကြီး နှင့်
တောက်လျှောက် စကားပြောနေစဉ် တွင် လည်း ထိုကောင်လေး က သူ့ကို သာ အာရုံထားနေသည် မို့
ရာဟု အတော်လေး အနေခက်ရသည် ။
ပို ၍ အနေခက်စေသည် မှာ
ထို ခပ်နုနု အသက်ငယ်ငယ် ဟု ထင်ရသောကောင်လေး မှာ  သူနှင့် ရှေးသု project site 12 အတွက် အတူ အလုပ်တွဲ လုပ်ရမည့် သူ ဖြစ်နေကြောင်း
သိလိုက်ရစဉ်တွင် ပင် ဖြစ်သည် ။
"ဒါ ကျွန်တော့် ကိုတွေ့ချင်နေတဲ့ လက်ထောက်ညွှန်မှူး ထင်တယ်နော့်
ကျွန်တော် က ကထိက ခက်သော်က ပါ"
ပြုံးစိစိ မျက်နှာပေးနှင့် အောင်နိုင်သူ သဖွယ် သူ့ထံ လက်ကမ်း ကာ နှုတ်ဆက်လာသော ကောင်လေး ကို ကြည့်ရင်း
ရာဟု သစ် ကမ္ဘာတစ်ပတ်လည်
ခဲ့ရတော့သည်။
သူ့ဘေးက သူငယ်ချင်း ဘုန်းပြည့်ကျော် ကတော့ပြုံးစိစိ နှင့် ရာဟု ၏ image ကြီး ထိရှ သွားသည် က်ို အတော်လေးကျေနပ်နေဟန် ..။
ဂန္တဝင်၌တွယ်ငြိခြင်း (ဂန္တဝင်၌တွယ်ငြိခြင်း)Where stories live. Discover now