Part 6
4.5K 735 100
ဂန္တဝင်၌ငြိတွယ်ခြင်း
အပိုင်း(၆)
ရာဟု ကောင်းကင်ကိုမော့ကြည့်လိုက်တော့ အနောက်တောင်ဆီမှ မိုးတိမ်တွေက တစ်လိပ်လိပ်တက်လို့
မကြာခင် မိုးရွာတော့မည့်ပုံရှိလေသည်
အချိန်အခါမှာ တော်သလင်း လ ဖြစ်သော်လည်း မြစ်ဝကျွန်းပေါ် ဒေသဖြစ်သော ဟံသာဝတီ ဒေသတွင်တော့ မိုး ဖြိုက်ဖြုက် ရွာနေဆဲဖြစ်နေသည် ။
မိုးလေ အလွတ်ကို နန်းတော်ကိုအမှီသွားရမည် ဟု အတွေးနှင့်အတူ
ရာဟု ထိုင်နေရာမှ ထ ကာ စစ်တဲအရှေ့ ဘက် ထွက်ဖို့လုပ်လိုက်တော့ မြင်ရသည်မှာ
ဟိုချောင် သည်ချောင်
ပုန်လျှိုးကွယ်လျှိုးနှင့် လက်ထဲတွင်လည်း ရေအိုးကြီး
ကိုင်လျက် ၊အလျင်အမြန်
လမ်းလျှောက်နေပါသော
မိမိ၏ အထိန်းတော်ကြီး သတိုး ။
အနောက်ဘက် လမ်းမှ လျှောက်လာပုံထောက်ရင်တော့
ရေကန်စီမှ ပြန်လာသည် ဖြစ်မည်။
မိုးနံ့ပါသည့်လေအေးအေး လေး ကဖြတ်တိုက် သွား လေတော့
ရာဟုတစ်ကိုယ်လုံးစိမ့်ခနဲ ။
စိတ်ထဲတွင်
ဆက်စပ်ကြည့်လိုက်သောအခါ
အထိန်းတော် ၊
ရေအိုး၊
ရေကန် ၊
တစ်စုံတစ်ယောက်တော့ ရေချိုးဖို့ကြိုးစားနေပြီ ။
ဒီအချိန်ဘယ်သူက ရေချိုးဖို့ကြိုးစားမာလဲ သေချာပေါက် ...
ဒီဃသော်က မှ ဟုတ်ရဲ့ လား ..
ရေအိုး ကို မနိုင်မနင်း သယ်လာသော အထိန်းတော်ကြီးရှေ့ က်ိုရာဟု ပိတ်ရပ်လိုက်တော့
"မြတ်စွာဘုရား "
လန့်ဖျက်ပြီး ရေအိုး ကို ပိုက်ကာအော်နေသည့် အထိန်းတော်ကြီး
"ဘာတွေ ခိုးကာဝှက်ကာ လုပ်နေလို့ ဒီလောက်လန့်သွားရသတုန်း အထိန်းတော်ကြီး "
မျက်နှာထား က ရှုတည်တည်
လေသံ က ခပ်မာမာနဲ့ ရာဟု က
သူ့ကိုမသိလို့မေးနေတာမဟုတ်ဘဲ
သူ့စိတ်ထဲ ရှိသည့် အဖြေ ကို သေချာအောင်မေးနေမှန်း
အထိန်းတော်ကြီး သိပါသည်။
"ဟို တပ်မှူးလေး
သော်ကလေး က ရေချိုး ချင်လို့ "
"ဘာ ...သူ့ ဒဏ်ရာ က
မနက်ကအထိတောင်
မကျက်သေးဘူးမလား
ရေထိ လို့မရတာ မသိဘူးလား "