ဂန္တဝင်၌တွယ်ငြိခြင်း
အပိုင်း (၂၄)ညကသော်က ဟိုလှည့် သည်လှည့်နှင့်
တော်တော် နှင့်အိပ်မပျော် ..အမိစကား ကား သူ့ကို အိပ်ရေးပျက်ရန် လုံလောက်သည်ထက်ပိုသည် ။
ရာဟု အပြုံး ကို သူပြန်မြင်ရတိုင်း
အမိနှင့် ရာဟုကြား သူ
ရွေးချယ်ရ ခက်စေသည် ။နောက်ဆုံး ည က လည်းတော်တော်ည
နက်မှ အိပ်ပျော်သွားရာ မနက်
လင်းကြက်တွန်သံ ကြားတော့
သော်က မျက်လုံးတို့ က
ပွင့်လာသည်မှာ ဆက်အိပ်လို့မရတော့သဖြင့် အိမ်အောက်ကို ဆင်း လာလိုက်တော့..ရေတွင်းနားမှာ မနော်ဦးနှင့်တွေ့လေရာ
"ဟင် အစ်ကိုလေး အာရုဏ်တောင် မပေါ်သေး ဘူး နိုးပါ့လား"
"အင်း အရီးရော "
"အမိက အလှု အိမ် ကို သွားနှင့်ပြီ
အာရုဏ်ဆွမ်း အတွက်
ဝိုင်းပြင်ရအောင်တဲ့
မနော်ဦးတို့ ကို အာရုဏ်ပြီးမှ လိုက်ခဲ့တဲ့"သော်က မျက်နှာသစ် ကိုယ်လက်
သန့်စင်နေစဉ်
မနော်ဦး ကား စံပယ်ပန်းများ ကို သီကုံး ထားသည့် ဗန်း ကို ကိုင်ကာ
အိမ််ပေါ်သို့ တက်လေ ရာ"မနော်ဦး အဲ့တာ နေ့လည်ပန်ဖို့လား"
"ဟုတ်အစ်ကိုလေး"
၀ရေနည်းနည်း တောက်ထားပါ့လား
နေ့လည်ထိလန်းနေအောင်""ဟုတ်အစ်ကိုလေး"
ဖြေပြီး ကာမှ မနော်ဦး က တစ်ခုခု ကို သတိရသည့်ဟန်
"အယ် အစ်ကိုလေးလည်း ပန်ပါ့လား
စံပယ်ကုံး
နှမလေးထက်တောင်လှသွားဦးမယ်""ဟမ် မလုပ်ပါနဲ့ဟ "
မနော်ဦး ကား သူ့ကို စပြီးနောက် တစ်ခွိခွိ ရယ်လေသည် ။
အာရုဏ်တက်ပြီး သိပ်မကြာမှီ
သော်က ဘုရားဝတ်ပြုမနက်စာ
ထမင်းကြမ်း စားပြီးနောက်
အမိက ပြန်လာလေရာ"သော်ကလေးရေ
အမိပြန်လာပါ့ဟေ့
ရွှေကြည် ယူလာတယ်
လာဆင်းမြည်းလှည့်ပါဦး"အဆိုကြောင့်သော်က
အိမ်ရှေ့ ကွက်ပျစ် ကိုထွက်လာတော့
အမိကို ရွှေကြည်ဗန်းနှင့် အတူတွေ့လေသည်
မနော်ဦး ကား လက်မနှေး စေရဘဲ အရင်နှိုက်လေရာ
အမိက လက်ကို ပုတ်ထုတ်လိုက်ပြီး
YOU ARE READING
Historical Fictionဂန္တဝင်ထဲမှာ လှလှပပတည်ရှိနေသောသူနှင့် ဒီတွယ်ငြိခြင်းထဲ က မရုန်းထွက်နိုင်သောကျွန်တော်...! ဒိီစာကို ဖတ်ပြီး ကေတုမတီ ကို တစ်ခေါက်လောက် အရောက်သွားဖူး ချင်တယ်လို့ ခံစားမိရုံ သမိုင်းကြောင်း ကို မြတ်နိုးသွားမိရုံ နဲ့တင် ဒီ တွယ်ငြိခြင်း ကို ဖန်တီးရကျိုးနပ...