ဂန္တဝင်၌တွယ်ငြိခြင်း
အပိုင်း (၃၃)လက်ထဲတွင် ကိုင်ထားမိသော ပန်းရောင်
ဆံစ အိတ်လေးက်ိုကြည့် ရင်း
အမိမျက်နှာ အရောင်သည် ကား
မယုံနိုင်ခြင်း ဆီသို့ပြောင်း သည်။ထို့နောက် သက်ပြင်း တစ်ခု ကို
ချလိုက်ကာ"စံပယ်မ ညည်းသူငယ်ချင်း ကို ညည်းတို့အိမ်ဖက် ခဏခေါ်သွားပေးပါလား"
အရီးလှ ၏ တည်ငြိမ်လှသော စကားကြောင့် ခုနက အထိ မနော်ဦး နှင့်
ရန်ဖြစ် သတ်ပုတ် ဆူညံနေသော
စံပယ် သည် အရာရာ
ကိုနားလည်သွားဟန်နှင့်
ချော့မော့ ကာ
မိမိငယ်ပေါင်း ကို ခေါ်သည်။"ဟင့်အင့် အမိ မနော် မလိုက်ချင်"
"တိတ် လိုက်သွား ..
ဒီကိစ္စ ညည်းဝင်
ဆုံးဖြတ်လို့ လည်း ဖြေ ရှင်း လို့ရမယ့် ကိစ္စ မဟုတ်ချေဘူး""ဘာလို့ မနော် ဖြေရှင်း လို့မရ ရ မှာလဲ
ငယ်သေးလို့လား
မရင့်ကျက်သေးဘူး လို့
ပြောဦးမလို့လား""မနော်ဦး"
"ဟဲ့ မနော် ရယ် တော်ပါဟယ်"
"ဖယ်စမ်း စံပယ် ငါပြောရမယ်"
"မနော် က ဒီမိသားစု ဝင် ပါ
ဒီ မိသားစု အရေးမှာ ဘာကြောင့်
ဘေးထွက်နေရမှာလဲ
ပြီးတော့ မဆိုင်တဲ့ လူကတောင်
ပြောင်ထိုင်ကြည့်ဖို့ကြိုးစားနေတာ လူရင်း ဖြစ်တဲ့မနော့် ကို နှင်လွှတ်တာတော့
အမိ လွန်တယ်"မနော်ဦး က ခေမာ့ ဘက် ကို အကြည့် တစ်ချက် ပို့ကာ သည်စကားဆိုလေတော့
အမိ က သက်ပြင်း တစ်ချက်မျှသာ ချကာ ။"အမှန်ဘဲ တို့မိသားစု အရေးမို့
မိသားစု ဘဲ
သိကြတာပေါ့"အမိ ပြောလိုက်သည် နှင့်
အဖြစ်အပျက်ကို အစအဆုံး
ထိုင်ကြည့်နေသော
ရွာထဲ မှ အပျို တစ်စု တို့မှာ
စံပယ်နှင့် အရီး ပုတို့၏
ဦးဆောင်မှု ဖြင့် အသာအယာ
လျှိုထွက်ကြလေသည်။အမိသည် ကား
"ပြီးရင် သော်ကလေးနဲ့ ရာဟု အိမ်ခန်းထဲ လာခဲ့"
တင်းမာ ခြင်းလည်းမရှိ ဖျော့တော့ ခြင်း လည်းမဆိုသာသော အမိ လေသံကား သော်က ကို ကမ္ဘာကို အသာအယာ
ကိုင်လှုပ်သည်။
YOU ARE READING
Historical Fictionဂန္တဝင်ထဲမှာ လှလှပပတည်ရှိနေသောသူနှင့် ဒီတွယ်ငြိခြင်းထဲ က မရုန်းထွက်နိုင်သောကျွန်တော်...! ဒိီစာကို ဖတ်ပြီး ကေတုမတီ ကို တစ်ခေါက်လောက် အရောက်သွားဖူး ချင်တယ်လို့ ခံစားမိရုံ သမိုင်းကြောင်း ကို မြတ်နိုးသွားမိရုံ နဲ့တင် ဒီ တွယ်ငြိခြင်း ကို ဖန်တီးရကျိုးနပ...