Part 17

3.5K 629 64
                                    

ဂန္တဝင်၌တွယ်ငြိခြင်း
အပိုင်း ၁၇

သည်လိုနှင့် သော်က၊ ရာဟု နှင့်
အစေခံတစ်ယောက်သာ အရင်
ရွာသူကြီး အိမ်သို့ ထွက်လာကာ
ရေချိုးရန် ထွက်လာခဲ့လေသည်။

ည ကားတိတ်ဆိတ်လျက်ရှိသည်
အရှေ့ မှ ကညင်ဆီမိီးတိုင် ကိုင် ကာသွားနေသော အစေခံကြောင့် လမ်းမ ကို
ရှင်းရှင်း လင်းလင်းမြင်ရသည်။
သို့သော်
ရာဟု နှင့်သော်က ကား စကားပင် မဆို
မိကြ အတွေးကိုယ်ဆီနှင့်။

"ရှေ့နား က အိမ်က သူကြီးအိမ်ပါဘဲ ဗျ"

အိမ်ခြေ လေးငါးဆယ်ခန့်ရှိသော ရွာကြီး ၏ အလယ်၌ ခန်းနား စွာ ဆောက်ထားပါသော အိမ်ကြီးကိုတွေ့ရလေသည်။

အစေခံ ကောင်လေးကား
ဝန်းခြံ အနောက်ဘက်ရှိ
ရေကန် ကို တန်း၍ ခေါ်သွားလေရာ

သော်ကလည်းရေချိုးရန်ပြင်
ရတော့လေသည် ။

ရာဟု နှင့် အစေခံကောင်လေးကား
သူ့ကို ကျောပေး၍ မလှမ်းမကမ်း
ငှက်ပျောနား ရှိ ကွပ်ပျစ်ပေါ်၌ ထိုင်နေကြလေသည်။

ချိုးဖူး သမျှ ရေချိုးမှု ကိစ္စကြီးထဲ တွင် နောက်ကျောမလုံသော ရေချိုးမှုကြီးသည် သည်တစ်ခါသာဖြစ်ပေလိမ့်မည်။

'ဘာဘဲ ဖြစ်ဖြစ် မြန်မြန်ချိုးလိုက်ရင် ဖြစ်တယ် ။
ငါလည်း နည်းနည်းလေးပူတာနဲ့ရေပြေးချိုးတက်တဲ့ အကျင့်က်ို ဖျောက်ဦးမှပါ'

ယခင် ၂၁ ရာစုမှာကတည်း က
ချွေးကလေးနည်းနည်းထွက်လျှင်
ရေပြေးချိုးတက်သောအကျင့်သည် ယခုတော့ သော်က ကို ကောင်းကောင်းကြီး
ဒုက္ခပေးလေ ပြီ။

ယခုခေတ်လူများ က ရေချိုးခြင်းအမှု ကို
မိမိကဲ့သို့ ခဏခဏ မပြုလုပ်ကြောင်း သိရလေကား သော်က မှာ
တစ်ယောက်တည်း ရောဂါသည်လိုလို ဘာလိုလိုခံစားလာရသည်။

တစ်ဝုန်းဝုန်းနှင့် လျင်မြန်စွာကျနေသောရေသံကြောင့်
ရာဟုသည်

အစေခံကောင်လေးနှင့် စကားစမြည်ပြောနေရာမှ နောက်သို့ လှည့်မကြည့်ဘဲ

"သော်က အချိန်ယူပြီး အသာလုပ်လို့ရတာမို့ အာ့လောက်အမြန်မချိုးလည်းရတယ်နော် "

ဂန္တဝင်၌တွယ်ငြိခြင်း (ဂန္တဝင်၌တွယ်ငြိခြင်း)Where stories live. Discover now