ဂန္တဝင်၌တွယ်ငြိခြင်း
အပိုင်း (၁၃)ညီလာခံ စမည့် အခါမျိုးတွင်
မြှောက်စည်ကို ငါးချက် တိတိ တီးသည် ဟူ၍ စာအုပ်များထဲတွင်ဖတ်ဖူးခဲ့သည် ။ဤ မြှောက်စည် ငါးချက်ကား
'ဝင် တော် မူ တော့ မည် 'ကို ကိုယ်စားပြုကြောင်းလည်း သိပြီး သားဖြစ်လေရာ၅ ချက် တီးပြီး သည်နှင့်
ပဆစ်တုပ်ဒူးထောက်ကာ
ခေါင်းကိုငုံ့ထားလိုက်တော့လေသည် ။အရင်တစ်ခေါက်က လို
ခိုးမကြည့်ဖြစ်တော့ ။တွေးမိသည်နှင့် ရင်ထဲ ဆိမ့်ခနဲဖြစ်သည် ။
'အေးလေ ၂၄ နှစ် ဒီအရွယ်
မင်းခယောက်ကျား မှာ အချစ်ဦးတို့ သဘောကျတဲ့ လူတို့ရှိတာ ဆန်းသလား'သော်က ကား 'ခင်ပြီဟေ့'ဆိုလျှင် ထိုလူ ကို အသေခင်သည်။
တစ်ခါက မှတ်မှတ်ရရ
သော်က ငယ်ငယ် ကတည်း က ခင်လာရသူ သူငယ်ချင်း မလေး မှာ
ရည်းစား ရသွားလေရာ
သော်က အနှီကောင်မလေး ကို မခေါ်နိုင် မပြောနိုင် ဖြစ်သည် အထိ စိတ်မကောင်းဖြစ်ဘူးသည် ။ထိုအခါ က မိမိအား ထိုကောင်မလေး ကို ကြိုက်နေသည်ဟု ထင်ကြေးပေးကြသော်လည်း
မိမိ ကိုယ် တိုင်မှာ ထိုသို့ မဟုတ်ကြောင်း သိသည့်အပြင် ငယ်သူချင်းမလေးကပါ မိမိစိတ်ကိုနားလည်သူဖြစ်နေ၍
နှစ်ပတ်တိတိ အကောက်ခံပြီးနောက်
လာရောက် ချော့လေ သော အခါ
နဂိုအဖြောင့်အနေအထား သို့
ပြန်ရောက်လေသည် ။ယခု ထိုသူငယ်ချင်း မလေး ပင်
အိမ်ထောင်ပြုသွားချေပြီ ။သော်က ကား အပေါင်းအသင်း ကို ဒုတိယ မိသားစုကဲ့သို့
သဘောထားယုံသာမက
တစ်ဦးတည်ရသော သားတို့၏ သဘာဝအတိုင်း အချစ်ဟူသမျှ
မိမိတစ်ယောက်တည်း
ခံယူလိုသော သိပ်အချစ်ခံ ချင်သော လူတန်းစားမျိုး ဖြစ်လေရာ
၅၂၈ အချစ်မာဘဲ ဖြစ်ဖြစ်
၁၅၀၀ အချစ်မှာဘဲ ဖြစ်ဖြစ်
မိမိ နှင့်ခွဲဝေ ချစ် ရမည့် သူ ပေါ်လာပါက စိတ်မကောင်း ဖြစ်တက်သည်
စိတ်ကောက်တက်သည် ။အခု လည်း ရာဟု က ဟို ရောက်ရင် သူ့ကို
ဂရုစိုက်တာလျော့သွားမှာ
တွေးပူနေလေတော့သည်။
YOU ARE READING
Historical Fictionဂန္တဝင်ထဲမှာ လှလှပပတည်ရှိနေသောသူနှင့် ဒီတွယ်ငြိခြင်းထဲ က မရုန်းထွက်နိုင်သောကျွန်တော်...! ဒိီစာကို ဖတ်ပြီး ကေတုမတီ ကို တစ်ခေါက်လောက် အရောက်သွားဖူး ချင်တယ်လို့ ခံစားမိရုံ သမိုင်းကြောင်း ကို မြတ်နိုးသွားမိရုံ နဲ့တင် ဒီ တွယ်ငြိခြင်း ကို ဖန်တီးရကျိုးနပ...