ဂန္တဝင်၌တွယ်ငြ်ိခြင်း
အပိုင်း(၄)"မင်းတရား ကြီး ၏ အမှုတော် ကို
ကျေပွန်စွာ ထမ်းဆောင်ခဲ့သော
တုရင် မဏိ မြင်းတပ်မှုး ရာဟုသင်္ဂကိုကား
ရွှေ ၁ပိသာ ငွေ ၅၀ ကျပ်သား
စီးမြင်း ၄ကောင်
ပိုးထည်အလိပ် ၁၀ လိပ်
နှင့်အတူ 'ဇေတုယတ္တ '
မည်သော
တိုက်ဆင်ကိုပေး၍ ဆင်စီးသူရဲကောင်း အဖြစ်ချီးမြှောက်သည်အမိန့်တော်နာယူစေ "
မင်းချင်းတစ်ယောက်မှ ဖတ်ကြားသော အမိန့်စာလွှာ ကို ရာဟုသင်္ဂ ဒူးထောက်နေ
ရာမှ မော့ကြည့်ကာ လက်နှစ်ဖက်ဖြင့်ရိုရိုသေသေ လှမ်းယူလိုက်သည် ။"ကျေးဇူးကြီးလှကြောင်းပါမင်းတရားကြီး"
မင်းတရားကြီး ကား နှစ်နှစ်ခြိုက်ခြိုက်ပြုံးသည် ။
ထို့နောက် ခဲပေါင်တပ်မှုး ဗလကျော်ထင် အား ဆင်စီးသူရဲကောင်းအဖြစ် တိုးမြှင့်၍ လည်းကောင်း ၊
ကြည်းတပ် တပ်စုမှုး သီရီကျော်ထင်အား
မြင်းတပ် တုရင်မဏိ ကို စားစေ၍ မြင်းစီး သူရဲကောင်းအဖြစ် ချီးမြှောက်လေသည် ။ရွှေနန်းတော်သို့ မင်းတရားကြီး ပြန်မကြွချီ မီ
"စစ်ကဲ မင်းရဲကျော်ထင် "
မင်းတရားကြီး ၏ ဘေးတွင်ခစားလျက်ရှိသော ရာ ၏ ဦးရီးတော်က တည်ငြိမ်စွာဖြေသည်။
"ကျွန်တော်မျိုးရှိကြောင်းပါ "
"မောင်မင်း ဒီဃ မျိုးနွယ်
ကော အဆင်ပြေရဲ့လား လိုလေသေးမရှိစေနဲ့""မှန်လှပါ ကျွန်တော်မျိုး စောင့်ရှောက်ထားပါတယ် ဘုရား "
"ကောင်းလှပြီ မောင်မင်း က ဒီဃ ရွာ ပြန်လည်တည်ထောင်ရေး ကို အထူးကြပ်မတ်ပြီး လုပ်ပေးလိုက်ပါ
သည်ခလေး ဒဏ်ရာ သက်သာလာသည်နှင့် သူ့အဖေ နေရာ ကို ဆက်ခံစေချိမ့်မည် ""အမိန့်တော်တိုင်းပါဘုရား
သို့ပေမယ့် ဒီဃ ရွာ ပြန်လည်စည်ကားဖို့
အချိန်အတော်အသင့်ယူရမည် ထင်ပါသည် အရှင်
လယ်မြေတွေ မီးကျွမ်း သွားကာ မြေဆီလွှာမကောင်း သဖြင့် အတော်လေး ခက်ခဲလှပါသည် "
ВИ ЧИТАЄТЕ
Історичні романиဂန္တဝင်ထဲမှာ လှလှပပတည်ရှိနေသောသူနှင့် ဒီတွယ်ငြိခြင်းထဲ က မရုန်းထွက်နိုင်သောကျွန်တော်...! ဒိီစာကို ဖတ်ပြီး ကေတုမတီ ကို တစ်ခေါက်လောက် အရောက်သွားဖူး ချင်တယ်လို့ ခံစားမိရုံ သမိုင်းကြောင်း ကို မြတ်နိုးသွားမိရုံ နဲ့တင် ဒီ တွယ်ငြိခြင်း ကို ဖန်တီးရကျိုးနပ...