Part 20

3.7K 613 69
                                    

ဂန္တဝင်၌တွယ်ငြိခြင်း
အပိုင်း (၂၀)

ဤသို့ဖြင့် မိဝါဆိုသည်မှာ မည်သူမည်ဝါမှန်း ကိုမြင်ပြီးနောက်တွင်
သော်က မှာ ပြောစရာ စကားမရှိ သဖြင့်ဆွံ့အနေရကား ။

ရာဟု ကပင် ဝင်၍

"မနော်ဦး
သော်က က မိဝါ​နှင့်ပင်
နှိုင်းယှဉ်လို့မရတဲ့
အဖိုးတန်ပေဘဲ
စကားအမှားအတွက်
အမြန်တောင်းပန်လိုက်စမ်း "

"ဟို အစ်ကိုလေး"

အစ်ကိုဆီမှ အဆူခံလိုက်ရငဖြင့်
မျက်နှာငယ်လေးနှင့်မနော်ဦး ကို
ကြည့်ကာ သော်က ခင်ဗျာ
မနေနိုင် သဖြင့် ဝင်ဖြန်ဖြေရသည် ။

"ရပါတယ် ရာဟု ရယ်
ကျွန်တော်လည်း ဘာဘဲဖြစ်ဖြစ်
မိဝါထက် ချစ်ဖို့ကောင်းတယ်ဆို တာ
သိရတော့
ပျော်တောင်ပျော်မိပါသေးတယ်
မနော်ဦး က မိဝါကို ချစ်တာလား"

ခေါင်းတစ်ဆက်ဆက်ငြိမ့်ပြသော
ခလေးမသည် လူကောင်ကြီးထွားနေသော်ငြား
တကယ့် ကလေးစိတ်ပင်။
သော်ကတို့ ၂၁ရာစု က
အပျ်ိုဖော်ဝင်စ အရွယ်တွေ ၏
ရှက်သလိုလို ကြောက်သလိုလ်ို ရွံ့သလိုလို အပြုအမူမျိုးမတွေ့ရ
ပကတိဖြူစင်လှသည်။

"အစ်ကိုလေးကရော မိဝါထက်
ချစ်ဖို့ကောင်းသလား "

"အများကြီး အများကြီးပေါ့"

လက် နှစ်ဖက်ကို လေထဲဝိုက်ကာ အများကြီး ဟူသော ပုံစံ လုပ်ပြနေသော ခလေးမသည် ရာဟုနှင့် ဆီနှင့်ရေလိုကွာသည်။

"အခု တော့ မနော်ဦး မိဝါကို
သူများလက်ထဲ က
လုချစ်စရာမလိုတော့ဘူးနော်
အစ်ကိုလေး ကို ဘဲ ချစ်တော့မယ် နော် အစ်ကိုလေး"

ပြော ရင်း မျက်လုံးတောက်တောက်လေးများ နှင့် သူ့ကို ပြုံးကြည့်နေသော ခလေးမသည် ချစ်စဖွယ်အတိ မို့ သော်က
အနေနိုင်စွာ မိမိထက် အရပ်အနည်းငယ်မျှသာ ပုသော သူမခေါင်း လေး ကို လက်ကလေးဖြင့် ခပ်ဖွဖွ ပုတ်လိုက်မိသည်။

"ဟုတ်ပါပြီ မနော်ဦး အစ်ကိုလေးကို သဘောကျ တာကိုဘဲ
ကျေးဇူးတင်ရမှာပါ"

ဤသို့ဖြင့် အဆင်ချောနေကြစဉ်

"အဟမ်း ...တော်ပြီ မနော်ဦး
ငါဗိုက်ဆာလှပြီ
ခရီး ပန်းလာတာ ကို
အနားမယူရဘဲ ဘာတွေ များ
သည်လောက်အရေးကြီးနေသလဲ"

ဂန္တဝင်၌တွယ်ငြိခြင်း (ဂန္တဝင်၌တွယ်ငြိခြင်း)Where stories live. Discover now