Part 22
3.5K 690 157
ဂန္တဝင်၌တွယ်ငြိခြင်း
အပိုင်း (၂၂)
ရာဟု ခေမာ နှင့်စကားပြောနေသည်မှာ အချိန်အတော်လင့်သွားရကား
သူ သော်က နောက်ပြေးလိုက် သွားသော်လည်း
အရီးပု ခြံဝန်းအပြင်နားတွင်ကား
အရိပ်အယောင်ပင် မတွေ့တော့။
စိတ်အစုံတို့ က ပူတက်လာကာ
မိမိတို့အိမ် သို့ သွားရာလမ်းကို
ဦးတည် ကာ အပြေးလေး လာမိသည်။
သို့သော် သော်က ၏ အရိပ် ကလေး
ကိုပင်ကား မတွေ့ရ။
ပြေးနေသော ခြေလှမ်းတို့ကို
အရှိန်တင် ကာ အရိပ်ကလေး
ဖမ်းမိလိုဖမ်းမိညားပြေးမိသည်။
နေပူကျဲတဲတွင် ရွာလယ်လမ်း
၌မမောနိုင်မပန်းနိုင် ပြေးနေသော ရာဟု ကိုကြည့်ကာ ရွာသားတစ်ချို့က အထူးအဆန်း ။
သို့ပေမယ့် သူ သတိမထားအားပါ။
'သော်က သူ့ကို ထားပြီး ထွက်သွားမှာတော့မ ဟုတ်ဘူးလား'
နောက်ဆုံးခြံဝန်းထဲရောက်သည် အထိ သော်က အရိပ်အယောင်က်ို မတွေ့ရ။
ရာဟု အိမ်အပေါ်အပြေးတက် ကာ
သော်က ကို ရှာသည်။
"သော်က ! သော်က !
ကိုယ်တော် ခေါ်နေတယ်လေ ထူးစမ်းပါ့
သော်က "
နောက်ဆုံးရာဟု ၏ အသံ ဆူဆူကြောင့် မျက်မှောင်ကျုံ့ ကာ မီးဖိုဆောင်ထဲမှ ထွက်လာသူ က
မနော်ဦး ။
"ဘာတွေ ဖြစ်နေသတုန်း အစ်ကိုကြီး"
ရာဟု မျက်နှာမှ ကျလာသော ချွေးစက်များ ကို ပင်မသုတ်အားဘဲ
"သော်က ရော?
သော်က ဘယ်မှာလဲ"
မိမိကိုမေးနေသော်လည်း
မျက်လုံးအစုံ မှာ အိမ် တစ်အိမ်လုံး ကို
ဝေ့ဝိုက်ကာ ကြည့်နေသေးသည် ။
"အစ်ကိုလေးမှ ပြန်မရောက်သေးတာ"
"ဟင်"
ရာဟု ခေါင်းထဲ ဒိန်းခနဲ
'ဘယ်ကိုများထွက်သွားသလဲ သော်က
မဟုတ်မှလွဲ ခေါင်းမူးနေတယ်ဆိုတော့ တစ်နေရာရာ မှာ များ တစ်ခုခုများဖြစ်နေပြီလား '
ရာဟု ကား အရှေ့ က မနော်ဦး ကိုပင် ဘာမှ မပြောတော့ ဘဲ ဒုတိယ အကြိမ်
အိမ်ရှေ့လှေကားတို့ ကိုကျော်ဆင်းဖို့ ပြင်နေလေရာ