CHFY 13
Sehun သည် အေးခဲနေသော ရာသီဥတုတွင် ကိုကို့အိမ်ရှေ့၌ ရပ်၍ စောင့်နေမိသည်။ ဖုန်း အဆက်မပြတ် ခေါ်သော်လည်း ကိုကိုက မကိုင်။ ဒီလောက် အေးလွန်းသော ရာသီဥတုမှာ ကိုကိုတစ်ယောက် အဆင်မှ ပြေပါရဲ့လား။ ထိုစဉ် ကိုကို့ကားက အိမ်ရှေ့မှာထိုးရပ်လာသည်။
"ကိုကို..."
"Hun.. ကိုယ့်ကိုစောင့်နေတာလား... ကြည့်ဦး လက်တွေအရမ်းအေးနေပြီ။ ဘယ်လောက်တောင်စောင့် နေခဲ့တာလဲ" ကိုကိုက သူ့ပါးလေးကိုပါကိုင်ကြည့်ရင်း စိုးရိမ်တကြီးပြောလာတော့ သူ ကျေနပ်မိ၏။
"ကျွန်တော် အဆင်ပြေပါတယ်.. ကိုကိုကော အဆင်ပြေရဲ့လား။ ကျောင်းမှာ.... သတင်းတွေ ပြန့်နေပြီဆို"
ကိုကိုက မျက်နှာတစ်ချက်ပျက်သွားရင်း "အဲဒါတွေထားပါ လာ.. အိမ်ထဲအရင်ဝင်။ နွေးသွားအောင် လုပ်ရ မယ်" ဟုဆိုကာ သူ့လက်ကိုဆွဲ၍ အိမ်ထဲသို့အတင်းခေါ်လာသည်။ အိမ်ထဲရောက်တော့ ချောကလက် ရည်ပူပူလေးတစ်ခွက် သူ့လက်ထဲသို့ ထည့်ပေးပြီး မာဖလာတစ်ထည်လည်း သူ့ကိုပတ်ပေးသည်။
"နွေးရဲ့လား..."
"ကိုကို.. စကားလမ်းကြောင်းမလွှဲပါနဲ့။ အဆင်ပြေရဲ့လား..။ ကျွန်တော် လိုက်ရှင်းပေးဖို့လိုလား"
ကိုကိုက ထိုတော့မှ သူ့ဘေးမှာ ဝင်ထိုင်ရင်း "ကျောင်းမှာ ကိုယ့်ကို မကျေနပ်တဲ့သူတစ်ယောက်ယောက် ရှိပုံပဲ။ အတိုင်ခံရတော့ ဌာနမှူးကလည်း စစ်ဆေးတာပေါ့။ ကိုယ် အဆင်ပြေပါတယ်"
"ဌာနမှူးက ဘာပြောလဲ"
"နည်းနည်းပါးပါး ဆူတာပေါ့။ ပြီးတော့.. အလုပ်ပြောင်းရမလား မသိဘူး။ ဒါပေမဲ့ မသေချာသေးပါဘူး။ ကိုယ် စာသင်ကောင်းတာ အားလုံးလည်း သိနေတာပဲဟာ ဟဲဟဲ"
Sehun ကတော့ မရယ်နိုင်ပါ။ ချောကလက်ကိုလည်း မသောက်နိုင်ဘဲ တွေတွေကြီး ငုံ့ကြည့်နေမိသည်မှာ မျက်ရည်တွေ ဝဲတက်လာသည်အထိပင်။
"ဟင် Hun.. ဘာဖြစ်လို့လဲ။ ကိုယ့်ကို ပြောပါဦး။ ချောကလက်က မကောင်းလို့လားဟင်။ လက်ဖက်ရည် ပြောင်းဖျော်ပေးရမလား"
"ကိုကို.... ကျွန်တော်သာ ကိုကို့အနားမှာ ရှိမနေရင် ဒါမျိုးတွေဖြစ်လာမှာ မဟုတ်ဘူးနော်။ ကျွန်တော်.. ကိုကို့ ဘေးက ထွက်သွားပေးရင်.. ကိစ္စတွေ ဖြေရှင်းပြီးသား ဖြစ်မှာပဲ။ ကိုကို အလုပ်မပြောင်းရအောင် ကျွန်တော် အစွမ်းကုန် ဖြေရှင်းပေးမယ်။ ကျွန်တော့်ဘက်က တစ်ဖက်သတ်ဖြစ်တာလို့ ဌာနမှူးကိုသွား ပြောလိုက်ရင် သူတို့ ကိုကို့ကို ဘာမှ လုပ်လို့မရပါဘူး။ ကျွန်တော်..."
YOU ARE READING
Certain Happiness From You [Suho x Sehun]
FanfictionArt History Professor Kim Jun Myeon and Young CEO Oh Sehun trying to find out together what the real happiness is. Pairing - Suho x Sehun