2

1K 199 210
                                    

Zawgyi

I fell for you at first sight
Wait, my heart was stolen in a single moment.
This is the reason you must remember this day.

- Baby You Are by EXO
_____________________________

Jun Myeon သည် အတန်းရှိသောနေ့
များတွင် မှန်မှန်ရောက်လာတတ်သော
မုန့်များအနက် ကော်ဖီသံဘူးတစ်ဘူးကို
သာ သောက်လေ့ရှိသည်။ သို့သော် ထို သံဘူးပို့သည့် ပိုင်ရှင်ကို မရှာကြည့်မိ၊ ရှာ
ရန်လည်း စိတ်ကူးထဲမရှိ။ သူနေတတ်သော ပုံစံအတိုင်းသာ နေသည်။ အမှန်တော့ Jun Myeon သည် ပါမောက္ခ
ရာထူး ရလာသည့်တိုင် တခြားအရာများ
ကို စိတ်မဝင်စားတတ်ပေ။

"ဒီနေ့တော့ ကိုရီးယားရဲ့ ရှေးဟောင်း အနုပညာတွေ အကြောင်း ဆွေးနွေးကြ
မယ်"

Screen တွင် အမွှေးတိုင်အိုး တစ်လုံးပုံ
ပေါ်လာသည်။

"ဒါ ဘယ်ခေတ်ကလဲ ခန့်မှန်းကြည့်ကြမလား"

"ဘတ်ဂျယ် ခေတ်ကပါ"

ထုံးစံအတိုင်း တစ်ယောက်သောသူကတော့ စူးစိုက်၍သာ ကြည့်နေပြန် သည်။

"ဂိုဂူယော၊ သျှီလာ နဲ့ ဘတ်ဂျယ် တို့မှာ
ကျွန်တော်တို့ ရှာဖွေတွေ့ရှိရတာတွေက
ဘတ်ဂျယ်ဟာ လက်ရာအကောင်းဆုံး
အနုပညာတွေကို ပိုင်ဆိုင်ထားတယ်"

သူ့အကြည့်တွေက Oh Sehun ထံသို့ရောက်သွားသည်။ Sehun သည် ထုံးစံ
အတိုင်း လိုက်မမှတ်သားပဲ သူ့ကိုသာကြည့်နေသည်။

သုံးပြည်ထောင်ခေတ်၏ လက်ရာများကို
နှိုင်းယှဉ်ရှင်းပြပေးပြီး သီအိုရီများနှင့်အပြိုင် ယှဉ်ထိုးပေးပြီးသောအခါ အဖွဲ့လိုက်အလုပ်လုပ်ခိုင်းပြီး သူက‌တော့ ကော်ဖီသံဘူးကို ယူသောက်လိုက်၏။ ထိုအခါ Sehun မျက်နှာငုံ့၍ ပြုံးလိုက်သည်ကို တွေ့လိုက်ရသည်။

"အားလုံး အဖွဲ့ထဲမှာ ဝင်ဆွေးနွေးပေးပါ"

Sehun က မလှုပ်၊ ရှေ့မှကျောင်းသား
များကလည်း Oh Sehunကို မခေါ်ပဲ
ထားကြရာ သူကပဲ မနေနိုင်စွာဖြင့် Sehun ကို အဖွဲ့တစ်ခုထဲ ထည့်လိုက်သည်။ သို့သော် Sehun က ဝင်မဆွေး
နွေးပြန်ပဲ ဘောပင်ကိုသာ လှည့်၍ ကစားနေသည်။

"ခင်ဗျားတို့အဖွဲ့ထဲက Oh Sehun က
ထပြီး ‌ဆွေးနွေးပေးပါ"

တခြားအဖွဲ့ဝင် ကျောင်းသူကျောင်းသား
များက စိတ်ပျက်သွားဟန်ဖြင့် Sehun ကိုကြည့်နေလိုက်ကြသည်။ Sehun က
ထိုတော့မှ ပျင်းရိသည့်ပုံဖြင့် ဝင်စကား ပြောပြီး Tablet တွင် ချရေးမှတ်ကာ ပါ
ဝင်တော့သည်။

Certain Happiness From You [Suho x Sehun]Where stories live. Discover now