10

711 141 211
                                    

Zawgyi Version

Episode 10

Sehun အတွက်တော့ အရာရာသည် အိပ်မက်ဆန်နေခဲ့ပါသည်။ ကိုကိုက ဖုန်းအရင်စဆက်လာသည်။ ထို့နောက် သူ့ရုံးခန်းသို့ မပြောမဆိုနဲ့ ရောက်လာပြီး သူ့ကို ဘယ်တုန်းကမှ မငြင်းခဲ့ပါ ဟု ပြောလေသည်။ ထို့ပြင် သဘောကျနေခဲ့ပါသည် တဲ့။ အရာအားလုံးထက်ပို၍ အံ့သြဖို့ကောင်းသည်ကတော့ ကိုကိုမှစပေး သော အနမ်းပင်ဖြစ်သည်။

မျက်ရည်တွေကြားမှ သူသည် ကိုကို့နှုတ်ခမ်းနှင့်ထိကပ်ထားသည့်ကြားမှပင် ဤအရာသည် အိပ်မက် ဟုတ်မဟုတ် တွေဝေနေမိ၏။ သူ့မျက်ရည်များက ကိုကို့မေးစေ့ပေါ်စီးဆင်းသွားသောအခါ ကိုကိုက သူ့ကို နမ်းနေရာမှ ခွာ၍ မျက်ရည်စတို့ကို လက်ကိုင်ပုဝါဖြင့် တို့ထိကာ ချော့ရှာသည်။

"ဘာလို့ငိုရတာလဲ၊ မပျော်ဘူးလား၊ ကိုယ် ဒီလိုလာမပြောလိုက်သင့်ဘူးလားဟင်"

ကိုကိုအထင်လွဲမည်စိုး၍ အလန့်တကြားဖြင့် ခေါင်းခါပြရသည်။

"မဟုတ်တာ ကိုကိုရယ်။ ကျွန်တော် .. ကျွန်တော် တကယ် ဘာလုပ်ရမှန်းမသိဖြစ်သွားတာ..။ ကိုကို ကျွန်တော့်ကို ငြင်းလိုက်တယ်ထင်လို့ ကျွန်တော့်မှာ ဒုက္ခတွေရောက်နေခဲ့တာ။ ကိုကို.. ဒီဟာ တကယ့်အဖြစ်အပျက်ပါနော်။ ကျွန်တော် အလုပ်တွေပိပြီး စိတ်ကူးယဉ်နေမိတာ မဟုတ်ပါဘူးနော်"

ကိုကိုက သက်ပြင်းချပြီး ကြည်လင်သော မျက်ဝန်းဝိုင်းများဖြင့် သူ့ကို ကရုဏာသက်စွာ ကြည့်လေသည်။ ပြီးမှ သူ့လက်နှစ်ဖက်ကို အသာကိုင်ထားပေးရင်း

"သနားဖို့ကောင်းလိုက်တဲ့ ကောင်လေး။ မင်းက ဉာဏ်ကောင်းမယ့်ပုံနဲ့ ဘယ်လိုလုပ် တလွဲတွေ အဓိပ္ပာယ် ကောက်သွားတာလဲ။ ကိုယ်အဲဒီနေ့က ပြောလိုက်တာက ကိုယ်တို့ကျောင်းမှာတော့ ပေးသိလို့ မရဘူး ဆိုတဲ့ သဘောပါ။ ကိုယ် မင်းကို ငြင်းရက်ပါ့မလား"

သူ မျက်ရည်တွေ စိမ့်ထွက်လာပြန်သည်။

"အဲဒါ ကိုကို မကောင်းလို့ပဲ။ ကိုကိုက အမြဲတလွဲတွေတွေးပြီး တလွဲတွေတွေးနေတော့ ကျွန်တော်ပါ အဲဒီလို ဖြစ်သွားတာ။ ကိုကို့ကြောင့် ကျွန်တော် ဉာဏ်ကောင်းတာတွေပျောက်ကုန်ပြီ။ ပြန်လျော်ပေး"

Certain Happiness From You [Suho x Sehun]Where stories live. Discover now