CHFY 15
Huang Zi Tao တစ်ယောက် သီချင်းလေးတကြော်ကြော်ဖြင့် အဝတ်အိတ်ဆွဲပြီးလာသောအခါ ကားပေါ်မှ နေ၍ မျက်ထောင့်နီဖြင့် ကြည့်နေသည်က Oh Sehun ဖြစ်သည်။ ပါမောက္ခ Kim Jun Myeon က ကားမောင်းသူနေရာမှနေ၍ လှိုက်လှဲစွာ ပြုံးပြ၏။
"Bonjour ဒီနေ့ရာသီဥတုလေးကတော့ ခရီးသွားဖို့ ကွက်တိကိုကောင်းတာပဲ"
Oh Sehun ကတော့ မျက်မှောင်ကျုံ့၍ Tao စကားကို နှာခေါင်းရှုံ့ပြသည်။ Tao ကလည်း အဝတ်အိတ်ကို တင်ရင်း လှမ်းထေ့၏။
"ဘာလဲ သူငယ်ချင်းကောင်းယောက်ဖလောင်းလေးက ငါ့ကို ငြိုငြင်တာလား"
"ဟုတ်တယ် မင်း ဘာဖြစ်လို့ ပါရီကိုလိုက်မှဖြစ်မှာလဲဆိုတာ ငါစဉ်းစားတာ သုံးရက်နဲ့ သုံးညရှိပြီ။ အဖြေကို မထွက်ဘူး"
"ဘာဖြစ်လို့လဲဆိုတော့ ဒီကြည့်ကောင်းတဲ့ အစ်ကိုက ရုပ်ခံချောချောလေးနဲ့ client တွေကို ဆွဲဆောင်ဖို့ လိုတယ်လေ။ အဟဲ ကျွန်တော့်ကိုပါ ဖိတ်ခေါ်ပေးလို့ ဆရာ့ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ"
ပါမောက္ခ Kim ဘာမှမပြောရသေးမီ Oh Sehun က နောက်ခန်းကို ဆင်းထိုင်လိုက်ပြီး
"ကိုကို နောက်ခန်းလာတော့။ ဟိုကောင် မောင်းလိမ့်မယ်"
နှစ်ယောက်ထဲမသွားရ၍ ဘူနေသော သူငယ်ချင်းကို နားလည်ပေးစွာနှင့် Tao ကားမောင်းပေးရန် ဆုံးဖြတ် လိုက်ပါသည်။ ပါမောက္ခ Kim ကတော့ အားနာပါးနာဖြင့် မချိပြုံးပြုံးပြပြီး နောက်ခန်းသို့ ဆင်းသွားကာ သူ့ ရည်းစားကို ချော့နေလေတော့၏။
"ကိုယ်ရှင်းပြပြီးလေ။ စိတ်မဆိုးနဲ့တော့"
"စိတ်မဆိုးရင် နမ်း"
"အာ ကားပေါ်ကြီးမှာ ပြီးတော့ ကိုယ်တို့နှစ်ယောက်ထဲလည်း မဟုတ်ဘူးလေ"
"ကျွန်တော်တို့ရဲ့ ပထမဆုံး အနမ်း French kiss က ကားပေါ်မှာမဟုတ်လို့လား"
"Hunnie ရေ အဲဒါတွေထည့်ပြောဖို့လိုလို့လား"
"မပြောစေချင်ရင် အခုနမ်း၊ မနမ်းရင် ကျွန်တော် ပါရီရောက်တဲ့အထိ စိတ်မကြည်ဖြစ်နေရတော့မှာ"
BINABASA MO ANG
Certain Happiness From You [Suho x Sehun]
FanfictionArt History Professor Kim Jun Myeon and Young CEO Oh Sehun trying to find out together what the real happiness is. Pairing - Suho x Sehun