Zawgyi Version
ကိုကိုက နမ်းချင်သည် ဆို၍ ရှိသမျှ အလုပ်ကိစ္စ အကုန်ပစ်ချပြီး လေ၏ လျင်မြန်ခြင်းနှုန်းဖြင့် ကိုကို့အိမ် သို့ အပြေးအလွှားရောက်ရှိသွားခဲ့သော Sehun တွင် တခြားမျှော်လင့်ချက်တို့ မပါကြောင်း ငြင်းလျင် မုသားဆိုရာ ကျမည်ဖြစ်သည်။ ကိုကို့အိမ်ကို သွားမှတော့ ထိုတစ်ညတော့ ကိုကို့အိမ်မှာပဲ ကုန်ဆုံးချင် သည်ပေါ့။ ကိုကို့အိမ်ရှေ့ရောက်သည်နှင့် အမောတစ်ချက်ဖြေပြီး ဘဲလ်တီးလိုက်သည်။ ကိုကို့တိုက်ခန်း ကလေးက ထင်ထားသည်ထက် သပ်ရပ်ပြီး နေချင်စဖွယ်ကောင်းပါသည်။ တံခါးဖွင့်လာသော ကိုကိုက အိမ်နေရင်း ဆွယ်တာလေးဖြင့် သူ့ကို အကြောင်သားလေး ကြည့်နေကာ
"ဟင် မင်းဒီလောက် မြန်မြန်ရောက်လာမယ်လို့ ကိုယ်မထင်ထားဘူး"
သူက တံခါးဆွဲပိတ်လိုက်ပြီးနောက် ကိုကို့ကို လျင်လျင်မြန်မြန်ဆွဲယူပြီး နမ်းရှိုက်လိုက်ပါတော့သည်။ ဤ ဖြစ်စဉ်မှာ နိုင်ငံခြားmeme တွေထဲကလိုဆိုလျင် say no more ဟူသော အခြေအနေမျိုးဖြစ်သည်။ ကိုကို ကတော့ အစပထမ၌ လန့်သွားပုံရသော်လည်း ဖြည်းဖြည်းချင်း နေသားကျလာပုံရကာ အလိုက်သင့်လေး ပြန်နမ်းပါတော့သည်။ ချိုမြိန်လိုက်သည့်ဖြစ်ခြင်း။
"ရ.. ရပြီ ဒီလောက်ဆို ရပြီ။ Stop"
ကိုကိုက ရပ်ခိုင်း၍သာ ရပ်ရသည် သူက မရပ်ချင်သေး။ ထို့ကြောင့် နှုတ်ခမ်းထော်ကာ ကိုကို့ အိမ်ထဲ မဖိတ်ခေါ်ဘဲ အလိုလိုဝင်ထိုင်မိသည်။
"ရောက်လာပြီး ကိုယ်တောင် အသင့်မဖြစ်သေးဘဲ နမ်းတော့ ဘယ်လိုလုပ်မလဲ Oh Sehun ရဲ့။ အဲဒီ ကိစ္စ ရှင်းပါဦး"
"မသိဘူးဗျာ ကျွန်တော်ကတော့ ကိုကို့ဆန္ဒတွေဖြည့်ဆည်းပေးဖို့ ဆိုပြီး ပြေးလာတာ။ ပြီးတော့ ကိုကို့ နှုတ်ခမ်းကလည်း တအားချိုတာ။ သကြားလုံးလေးကျနေတာပဲ"
"အဲဒါ ပြောတာလေ။ ကိုယ်က lip scrub လုပ်နေတုန်းရှိသေးတာ မင်းကရောက်လာတာကိုး။ ဒါပေမဲ့ စိတ်မပူပါနဲ့။ အဲဒီ scrub က စားလို့ရတယ်"
Oh Sehun သည် သူ၏ အရမ်းကာရော လုပ်မှုအတွက် မလုံမလဲဖြစ်သွားရသည်။
KAMU SEDANG MEMBACA
Certain Happiness From You [Suho x Sehun]
Fiksi PenggemarArt History Professor Kim Jun Myeon and Young CEO Oh Sehun trying to find out together what the real happiness is. Pairing - Suho x Sehun